nothing
-
Computer တက္ကသိုလ်ဆင်း တော်တော်များများဟာ ဗေဒင်နဲ့ မကင်းကြဘူးဗျ။ ( အချို့တွေကတော့ ကဒ်တွေနဲ့ မကင်းကြဘူးပေါ့ ) အခု နှစ်တွေတော့ မသိတော့ဘူး။ ကျွန်တော်တို့ နှစ်တုန်းကတော့ ဗေဒင် တက္ကသိုလ်လို့တောင် ဆိုရလောက်အောင် ကျောင်းသား ၊ကျောင်းသူတွေ ဗေဒင်ဟောတဲ့သူတွေ ဗေဒင်မေးတဲ့သူတွေကော စုံပေါ့ဗျာ။ တစ်ယောက်နဲ့ တစ်ယောက် ဟောပုံဟောနည်း မတူညီသလို ပညာဖလှယ်တာတွေလည်း ခဏခဏ ပေါ့ဗျာ။ ထမင်းစားချိန်ရောက်ရင် ဗေဒင်ဆရာတွေဆီမှာ ဗေဒင်ဟောတဲ့သူတွေ ရောက်လာတတ်သလို တစ်ခါတစ်ရံမှာလည်း ဗေဒင် ဆရာတွေ ဝိုင်းဖွဲ့ပြီး ဆွေးနွေးကြတာတွေလည်း ရှိသေးပါ့။
-
၁။ ရန်ကုန် ဘဆွေရဲ့ မြန်မာပြည်သား စာအုပ် ဖတ်ပြီးပြီ။ ရိုးရာဓလေ့ထက်စာရင် ဆင်ဖြူရှင်လက်ထပ် တိုင်းပြည်အခြေအနေ စစ်အခြေအနေတို့ကို ရေးထားတာကို သဘောကျတယ်။ ဇာတ်အိမ်ဖွဲ့ထားမှု ခိုင်ခံတယ်။ ဝမ်းနည်းတာက အဲလိုမျိုး ဝတ္ထုကောင်းကို မြန်မာတွေ ပြန်မရိုက်နိုင်ဘူး။ ရိုက်ရင်လည်း ကျန်စစ်မင်း ရုပ်ရှင်လို ဖြစ်သွားမှာ စိုးရတယ်။ ၂။ Startup အကြောင်းရေးပေးပါဆိုပြီး ကိုပီဇီ ကပြောတာနဲ့ စာတွေ တော်တော်ပြန်ဖတ်လိုက်ရတယ်။ rework တောင် ပြန်မဖတ်ဖြစ်တော့ဘူး။ မှတ်မိသလောက်ထဲကနည်းနည်းနဲ့ အခုတလော ဖတ်ထားတဲ့ စာအုပ်တွေထဲက အကြောင်း နောက်ပြီး ကိုယ်မြင်ဖူး တွေ့ဖူးတာတွေကို ပေါင်းပြီး ရေးပေးလိုက်တယ်။ ခေါင်းစဉ်ကတော့ ကိုပီဇီ ပဲရွေးပေးလိုက်တာ။ Start-ups တွေ ဘာကြောင့် မအောင်မြင်ရတာလဲ ။ ဒုတိယ အပိုင်းကို ရေးတော့…
-
တစ်ပတ်လောက် game development အတွက် စာတွေ ဖတ်လိုက်ရတယ်။ cocos2d ကိုလည်း အမြန် လေ့လာရတယ်။ အိမ်ပြန်ချိန် ည ၉ နာရီ ဖြစ်တာလည်း ၁ ပတ်ကျော်နေပြီ။ ၁ ပတ်အတွင်းမှာ တော်တော်လေး အပင်ပန်းခံလိုက်တာ game development အကြောင်းကို အနည်းငယ် တီးခေါက်မိသွားတယ်။ အများကြီးမသိသေးရင်တောင် အရင်ကထက်တော့ နည်းနည်း ပိုသိလာပြီလို့ ဆိုရမယ်။ ပြီးခဲ့တဲ့ ၂ ပတ်ကစပြီး လုံးဝ ကို မအားတာ။ ရုံးက dead line တွေကော bugs တွေကော နဲ့ ရှုပ်နေတာပဲ။ game သေးသေးလေး တစ်ခုကို ပြီးခဲ့တဲ့ အပတ်က စရေးခိုင်းတယ်။ ခက်တာက logic ရှိတယ်။ မရေးတတ်ပြန်ဘူး။…
-
အခု post က 1003 ခုမြောက် post ပါ။ အခုတလော အရမ်းသဘောကျနေတဲ့ Hatsune Miku Live က World is Mine သီချင်းလေးနဲ့ ကိုယ့်ဘာသာကိုယ် ဂုဏ်ပြုလိုက်ပါတယ်။ တကယ်တန်းတော့ Japan ရဲ့ နည်းပညာကို သဘောကျလွန်းလို့ပါ။ Hologram နဲ့လုပ်ထားတာ ရေလည်မိုက်တယ်။ နေ့တိုင်း နီးပါး ကြည့်ဖြစ်တဲ့ သီချင်းက World is Mine ဆိုတဲ့ သီချင်းလေးပဲ။ Hatsune Miku အသံကလည်း Yamaha က Vocaloid ဆိုတဲ့ software နဲ့ ဖန်တီးထားတာပဲ။ လူကိုယ်တိုင် သီဆိုထားတာမဟုတ်ပဲနဲ့ software နဲ့ ဖန်တီးထားတဲ့ အသံဖြစ်တာကြောင့်လည်း ပိုပြီးသဘောကျသွားတယ်။ အင်း… One…
-
ကြည့်မယ်… ကြည့်မယ် နဲ့ မကြည့်ဖြစ်တဲ့ Facebook အကြောင်းရိုက်ထားတဲ့ The Social Network ကားကို ဒီနေ့မှ သေချာ ကြည့်ဖြစ်တယ်။ တစ်ကားလုံးကြည့်မယ်ဆိုရင်တော့ မဆိုးဘူး ဆိုရမယ်။ Mark Zuckerberg ရဲ့ စဉ်းစားတဲ့ စီးပွားရေး အယူအဆ ကိုလည်း အဲဒီကားထဲမှာ တွေ့ရပါတယ်။ သူ့ဘဝ ဇာတ်ကြောင်း အမှန် အပြည့်အစုံတော့ မဟုတ်လောက်ဘူး။ ကြည့်ကောင်းအောင် ရိုက်ထားတဲ့ ပုံပေါ်ပါတယ်။ Napster co-founder Sean Parker ပြောသွားတဲ့ စကားလုံး အချို့ကလည်း မှတ်သားဖို့ကောင်းတယ်။ သူပြောသွားတဲ့ စကားထဲက သဘောကျတဲ့ စကားကတော့ You know what’s cooler than a million dollars? A billion…
-
Airsoft သွား ပစ်တဲ့ နေ့တုန်းက Web Designer နဲ့ ကားမှာ ဘေးကပ်ရပ် ထိုင်ဖြစ်တော့ စကားပြောဖြစ်ခဲ့တယ်။ သူနဲ့ အတူတူထိုင်ပြီးတော့ သူ့နိုင်ငံ အကြောင်း ကိုယ့် နိုင်ငံ အကြောင်းတွေ ပြောဖြစ်ခဲ့တဲ့အပိုင်းထဲက အပိုင်း အချို့ Me: မင်းတို့ အစိုးရက ဘယ်လိုလဲ။ Dirman: အရမ်းဆိုးတယ်ကွာ။ Me: ဟုတ်လား။ ဒါနဲ့ မင်း Design ပိုင်းကို ဘယ်ကနေ သင်လာတာလဲ။ Dirman: ကျောင်းမှာ သင်လာတာလေကွာ။ Me: အန် … အဲဒါတွေ တက္ကသိုလ်မှာ သင်တယ်။ ဟုတ်လား။ Dirman: အေးလေ။ မင်းတို့ဆီမှာ အဲလိုမျိုး တက္ကသိုလ် မရှိဘူးလား။ Visual Art တို့ Visual…
-
မန်ယူမှာတော့ Rooney ပြောင်းမယ် ကိစ္စက အရမ်းကို နာမည်ကြီးသွားတယ်။ အခုတော့ မန်ယူနဲ့ ၅ နှစ် စာချုပ်သက်တမ်း ထက်တိုးလိုက်ပါပြီ။ အဲ… ပြောချင်တာ ဘောလုံးသမား အပြောင်းအရွှေ့ ကိစ္စ မဟုတ်ပါ။ စလုံးမှာ အလုပ်လုပ်ပြီး နောက်ထပ် အလုပ်ပြောင်းတဲ့ အခါမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို အတွေ့အကြုံရအောင် ပြောမလို့ပါ။ လွန်ခဲ့တဲ့ ၁ နှစ်က စလုံးကို စရောက်ခဲ့တယ်။ စရောက်ပြီး ၃ ရက်မှာပဲ Point Star မှာ အလုပ်ရခဲ့တယ်။ PHP Developer အနေနဲ့ပါပဲ။ Point Star က အဓိက Google Apps ကို ရောင်းတာ ဖြစ်ပြီးတော့ Web Development ကိုလည်း Client တွေ လိုအပ်တဲ့အခါမှာ ရေးဆွဲပေးပါတယ်။ Google Apps ရောင်း။ ပြီးရင် websites ဆောက်ပေးပေါ့။ Website တွေ အားလုံးဟာလည်း wordpress…