nothing
-
ဒီနေ့ Pointstar ရုံးက လူတွေနဲ့ အတူတူ airsoft သွားပစ်ဖြစ်တယ်။ အစကတော့ Paint Ball သွားပစ်မလို့ပါပဲ။ Paint Ball က airsoft ထက်စာရင် ကျည်ဆန်ထိရင် နာလိမ့်မယ်ဆိုပြီး Airsoft သွားပစ်ဖြစ်တယ်။ Turf City ကိုသွားဖို့အတွက် Clementi Bus Interchange ကနေ Shuttle Bus စီးရပါတယ်။ သွားရတာ သိပ်မကြာပါဘူး။ ၁၅ မိနစ် လား ၂၀ မိနစ်လား မသိဘူး။ အဲလောက်ပဲ ကြာပါတယ်။ ပြီးတာနဲ့ ပစ်ကွင်းကို သွားကြတာပဲ။ နေကလည်း ပူ။ ကွင်းကလည်း ရှာမတွေ့နဲ့ နီးနီးလေးကို အဝေးကြီး ပတ်သွားလိုက်ရတယ်။ ဟိုရောက်တော့ လူစုံအောင် အရင်စောင့်ရတယ်။ ကြည့်ရတာ Turf City ကတော့ အရင်တုန်းက…
-
MZ blog မှာ ရေးနေပေမယ့် comment ကတော့ မလာ။ iOS development နဲ့ ပတ်သက်ပြီး ဘာ tutorial ကို ရေးစေချင်လဲမသိဘူး။ ကျွန်တော် ဒီ weekend မှာတော့ Edit Button to Done Button in UITableView Arrange UITableviewcell အဲဒီ ၂ ခုတော့ ရေးဖို့ရှိတယ်။ အခုတလော mmtutorial မှာ ကြည့်လိုက်လည်း feedback တွေကို မတွေ့ရဘူးဗျ။ ကျွန်တော်တို့ တစ်လမ်းသွားတွေလား ? tutorial တွေသာ ရှိပြီး ပြန်မေးတဲ့ သူတွေမရှိဘူး။ တနည်းပြောရင် high school ကျောင်းမှာ သင်သလို အသင်ပဲ ရှိပြီး အမေးပြန်မလာသလိုပဲ။
-
Luffy Skypedia မှာတုန်းက ဆိုတဲ့ သီချင်းကို ကာတွန်းကားကြည့်ကတည်းက ရယ်နေတာ။ ဒီနေ့ ထပ်တွေ့တော့ မနေနိုင်ပဲ Ring Tone လုပ်လိုက်တယ်။ ဖုန်းလာတိုင်း တော်တော်ရယ်ရတယ်။ အဖွားကတော့ “ဟဲ့… နင့် သီချင်းက ကုလားသီချင်းလား” လို့တောင် မေးရတဲ့ အထိပဲ။ အသံကြားရင် မနေနိုင်ပဲ ရယ်မိတာကတော့ အမှန်ပဲ။ မူရင်း ကာတွန်းကားထဲက အသံပါ။
-
ဒီနေ့ ရေးဖြစ်တဲ့ iPhone SDK tutorial ၂ ပုဒ်။ နောက်နေ့ အားရင်တော့ UITableView section အကြောင်းရေးပါအုံးမယ်။ UITableView Tutorial UITableView Delete Tutorial နောက်ပြီးတော့ ကျွန်တော် အခုတလော မှတ်ထားတဲ့ iPhone SDK snippet လေးတွေကို ကြည့်ချင်ရင်တော့ http://snipplr.com/users/saturngod/ မှာ ကြည့်လို့ရပါတယ်။ တချို့ snippet လေးတွေက objective c မှာ တော်တော်လေး ကို အသုံးဝင်လို့ မှတ်ထားတာပါ။
-
ဒီနေ့ West Cost မှာ One Piece Figure တွေ့တယ်လို့ ပြောလို့ ထပ်ပြီး ဝယ်ခဲ့တာပါ။ ၆ ရုပ် ကို S$20 ကျပါတယ်။ လိုချင်တဲ့ အရုပ်တွေကကတော့ ကျန်သေးတယ်။ အခု အရုပ်ထဲမှာ Usopp အရုပ်မပါသေးဘူး။ ထပ်လိုချင်တဲ့ အရုပ်က Boa Hancock အရုပ်။ နောက် ကြုံရင်တော့ Nico Robin အရုပ်အသေးလေး ရှာဝယ်အုံးမယ်။ Boa Hancock Figure ကတော့ ရှားမယ်ထင်တယ်။ နည်းနည်းကြီးတဲ့ One Piece Kids အရုပ်တွေက ၃ ရုပ် S$13 လောက်တော့ ပေးရတယ်။ ဒါပေမယ့် Kids အရုပ်တွေကတော့ မကြိုက်လှဘူး။ Boa Hancock…
-
ဗုဒ္ဓဟူးနေ့က Apple ကနေ magic mouse deliver ရောက်လာပါပြီ။ စစခြင်းရတုန်းက ဘယ်လို ဖွင့်ရမှန်းတောင် မသိဘူး။ ကျွန်တော်ကိုယ်တိုင်က manual မဖတ်ခင် ကိုယ်တိုင် စမ်းကြည့်ရတာ အကျင့်ဖြစ်နေလို့လားမသိ manual မဖတ်ဖြစ်ဘူး။ power ဖွင့်ပြီးတော့ macbook မှာလာပြီး detect မဖြစ်တော့ နည်းနည်းတောင် ကြောင်တောင် ဖြစ်သွားတယ်။ မရတော့ ဘာလုပ်လဲဆိုတော့ ရုံးက designer ကို လှမ်းမေးလိုက်တာပေါ့။ manual ဖတ်နေရင် ကြာနေအုံးမယ်လေ။ နောက်မှ bluetooth ကနေ browser device လုပ်ပြီး ခေါ်လိုက်မှ သိသွားတာကို။ ရုံးက Designer ကည်း magic mouse နဲ့ပဲ။
-
http://maniacdev.com/2010/09/cross-platform-iphone-and-android-solutions/ ကို ဖတ်မိပြီး တော့ ပြန်ရေးထားတာပါ။ http://blog.mysteryzillion.org/article/7-cross-platform-ios-and-android-solutions/