Ygn may do like UCSY ?

အခုလေးတင်မှ ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားများ၊ အင်းလျားကန်ပေါင်နှင့် လူအများနှင့် သက်ဆိုင်သောနေရာများတွင် အမြင်မသင့်လျော်စွာ နေထိုင်သည့်စုံတွဲများအား အရေးယူသွားမည် ဆိုတဲ့ သတင်းဖတ်မိတယ်။ တစ်ခါတည်း ဘာကို ပြေးသတိရသွားလဲဆိုတော့ UCSY ကို တန်းပြီး သတိရသွားတာပဲ။ ကျွန်တော်တို့ UCSY မှာလည်း ဒေါ်နီလာသိန်း ပါချုပ်ဖြစ်တော့ UCSY က အတွဲတွေကို အခန်းအပြင်မှာ မမြင်ချင်ဘူး။ ရုပ်ပျက်တယ်။ ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီး ခေါ်ပြီး အရေးယူတာတို့ အတင်းပေးစား လိုက်တာတို့ ရှိခဲ့ပါတယ်။ ဒါတွေကလည်း သိပြီးသားပါ။ ဆရာမလေးတစ်ယောက် သူ့ရည်းစားနဲ့ အတူတူ အပြန်မှာ fire road ကြီးမှာ လမ်းလျှောက်တုန်း ဆရာမကြီးကားပေါ်ကနေဆင်းပြီး ဆဲခဲ့တာတွေလည်း ရှိပါ့။ အဲဒီလို တင်းကျပ်တော့ အချို့ အတွဲတွေက ရထားတွဲထဲရောက်လိုရောက် ဒါမှမဟုတ် သာဓုကန်ဘက်ကို…More

ရောက်တက်ရာရာ

ဒီနေ့ emo လေး နဲ့ facebook မှာ စကားပြောတော့ Concept ကို ဘယ်မှာ သွားသင်ရမလဲလို့ မေးတယ်။ သူ ဝါသနာပါတာက Designer။ PHP လေ့လာဖို့လိုလားလို့ မေးတော့ ကျွန်တော်ကလည်း ပြောပါတယ်။ သိရုံလောက်ပဲ လုံလောက်တယ်။ တေဇာ အဖြေက ပိုရှင်းတယ်။ SmashingMag မှာ Programming Language အကြောင်းပါလားလို့ မေးလိုက်တော့ အဖြေက ရှင်းသွားတာပဲ။More

စာတွေ့နဲ့လက်တွေ့

ကျောင်းတုန်းက SE ကိုသင်ခဲ့ဘူးတယ်။ အမှန်တိုင်းပြောရင် ကျောင်းက SE ရဲ့ အချို့အပိုင်းတွေက အခုအချိန်မှာ ခေတ်မရှိတော့ဘူး။ ဒါပေမယ့် အချို့ဟာလေးတွေက အခုထက်ထိ လုပ်ငန်းခွင်ထဲမှာ အသုံးပြုနေတုန်းပဲ။ SE က ကျောင်းမှာ သင်တာကတော့ တကယ်အိပ်ငိုက်ဖို့ ကောင်းတဲ့ ဘာသာရပ်ပဲ။ ဘာတွေ မှန်းလဲမသိဘူး။ နောက်ပြီး မျက်စိထဲလည်း မမြင်ဘူး။ project တွေလည်း မရှိတော့ သေသေချာချာ နားလည် သဘောမပေါက်ဘူး။ စာတွေ့ကြီးလိုဖြစ်နေတာ။ Programming ကို ဗိုလ်တထောင် ကောလိပ်မှာ DSE တက်တုန်းက VB နဲ့စလိုက်တော့ OOP ကို မသိတော့ဘူး။ အဲဒါက တကယ့်ကို ဆိုးရွားသွားတာပဲ။ ကျောင်းမှာ C သင်တော့မှ OOP ကို စပြီး ထိတွေ့တာ။…More

Flowchart

အခုနောက်ပိုင်း ကျောင်းမှာ Flowchart မသင်တော့ဘူးလို့ ကြားတယ်။ ကျွန်တော်တို့တုန်းကတော့ သင်သေးတယ်။ ကျွန်တော် programming မသင်ခင်တုန်းက pseudo နဲ့ flowchart ကို စတင်ခဲ့ရတယ်။ တနည်းပြောရင် အခြေခံကောင်းတယ်လို့ ဆိုလို့ရတယ်။ programming ပထမဆုံး စပြီး သင်ဖြစ်ခဲ့တာက ဗိုလ်တထောင် DSE တက်တုန်းကပေါ့။ အဲတုန်းက Pseudo နဲ့ Flowchart ကို ဆရာမ အေးမွန် သင်ပေးခဲ့လို့ တော်တော်လေးကို နားလည်တယ်သွားတယ်။More

ကျောင်းတော်က…

MZ က post ((http://www.mysteryzillion.org/forums/showthread.php?t=4586)) တစ်ခုအတွက် reply ပြန်ထားတဲ့ ဟာလေးပါ.. ကျွန်တော် ဒီနေ့ ကျောင်းကို ရောက်ခဲ့တယ်… ကျောင်းက အရင်အတိုင်းပဲ… အဆောင်သစ်တစ်ခု ဆောက်နေတယ်… အိမ်သာကတော့ အရင်ကထက် ပိုစုတ်ပြတ်သွားတယ်… တံခါးပိတ်ဖို့ ဂျက်တောင်မရှိဘူး.. ကြိုးနဲ့စွဲထားရတယ်.. ဒါတွေကတော့ ထားပါ… ဒီကျောင်း အသစ်ဆောက်တုန်းက ကျွန်တော် တို့တွေ ပထမဆုံး တက်ခဲ့ရတာပဲ… အဲတုန်းက ကျောင်းကြီးကတော်တော်လေး ကောင်းပါတယ်… ဒါပေမယ့် ကျောင်းသားတွေ ဆိုးတယ်ဗျ… အဲတုန်းက ယောင်္ကျားလေး အိမ်သာထဲမှာ မှန်တပ်ထားတယ်.. ဆရာ ဆရာမတွေကို မကျေနပ်တိုင်း ကျောင်းက မှန်ကိုခွဲ… ဒေါသထွက်တိုင်း မှန်ကို ခွဲ… တံခါးကို ဆောင့်ကန်… မှန်ခွဲလိုက်တော့ ၃ ခါလောက် ပြန်တပ်ပေးသေးတယ်.. နောက်ပိုင်း…More

သင်ကော ဘာလုပ်မလဲ

ကျွန်တော် အရင်တုန်းက ရေးဘူးတယ်။ ကျောင်းသားသည်ဟာ အနာဂတ်လို့ ဆိုပြီးတော့ပေါ့။ အခုနောက်ပိုင်း ကျွန်တော် ပြောထားတဲ့ အဆို ကို ကျွန်တော် ကိုယ်တိုင် လက်ခံလာတာပါ။ အဲလိုမျိုးပြောတော့ ရယ်စရာ ကြီးလိုပဲနော်။ အခုအချိန်မှာ အရင်ကထက် လူငယ်တွေက အရေးကြီးတယ်ဆိုတာ ပိုလက်ခံလာတယ်။ ကျွန်တော်တို့တွေဟာ ကျောင်းပြီးသွားကတည်းက နေ့စဉ် အသက်ရှင်ဖို့ ကိုယ့်ခြေထောက် ကိုယ်ရပ်တည်နိုင်ဖို့အတွက် ကြိုးစားရတယ်။ အဲဒီလို ကြိုးစားရတဲ့အတွက် Computer နဲ့ ပြီးထားပေမယ့် လေယာဉ်ရုံးမှာ လုပ်တဲ့လူတွေ အများကြီးရောက်သွားသလို အစိုးရဝန်ထမ်းတွေ ဖြစ်သွားတဲ့လူတွေလည်း ရှိလာတယ်။ ကျောင်းပြီးသွားတဲ့ အခါ ကျောင်းသား ဘယ်နှစ်ယောက် တကယ်တတ်ကျွမ်းသွားသလဲဆိုတာထက် ကျောင်းသား ဘယ်နှစ်ယောက်ပဲ computer နဲ့ အသက်မွေးတယ်ဆိုတာကို ပိုစဉ်းစားကြည့်သင့်တယ်။ မတတ်တဲ့လူတွေက အများကြီးပါ။ မတတ်ပေမယ့် အခြေခံတွေတော့…More

Unicode , Wiki , Egress ကျောင်းဆင်းပွဲ

ဒီနေ့ egress ကျောင်းဆင်းပွဲကို သွားခဲ့တယ်။ ၅ နာရီ အမှီသွားရပေမယ့် ကိုကျော်ထွန်း တို့ရောက်နေလို့ စည်သူလှမ်းခေါ်တာနဲ့ Mr.Brown ကို အရင်သွားလိုက်တာ။ ဟိုမှာ လူတွေ တော်တော်စုံနေတာပဲဗျ။ ကိုငွေထွန်း ကိုမျိုးမင်းထူး အပါအဝင် တီလေးတို့ပါ ရှိနေတော့ အားနာပါနာနဲ့ မပြန်ဖြစ်ဘူး။ Unicode အကြောင်း  Wiki အကြောင်းတွေ တော်တော်လေး ပြောနေကြတာနဲ့ ပြီးကို မပြီးနိုင်တော့ဘူး။ ကျွန်တော်ကတော့ wiki ကိုတော့ သိပ်စိတ်မဝင်စားဘူးဗျ။ ဘာဖြစ်လို့လည်းဆိုတော့ အခုချိန်မှာ edu ကို အာရုံစိုက်နေရလို့ အားရင် edu ကို ပြီးအောင်ပဲ လုပ်ဖို့ စိတ်က ရှိနေတာလေ။ အဲ… ဒီနေ့ စကားပွဲမှာ စိတ်ဝင်စားစရာက Unicode 5.1 ကို သုံးသင့်ပြီလို့…More

ပါရမီရှင်လော

ကျွန်တော်ကတော့ မချီးကျူးပဲ မနေနိုင်ဘူးဗျာ ကျောင်းက ကျောင်းသား ကျောင်းသူတွေ တော်ပြီးရင်း တော်နေကြတာ။ တကယ်ဗျ။ ကျွန်တော်တို့ နှစ်မတိုင်ခင်ကဆို programming ဘာသာဆို တော်တော်များများက လက်တွေ့လုပ်ကြတယ်။ ကျွန်တော်တို့ နှစ်ကတော့ လူနည်းသွားပြီး ကျက်စာပိုင်းကို အားသန်လာကြတယ်။ အခု နှစ်တွေ ဘာတွေ ဖြစ်နေပြီလဲလို့ ကျောင်းသားတွေ လန်ထွက်နေတာပဲ။ ကျွန်တော်တို့ဆို programming ကို လက်တွေ့မပါပဲ မလုပ်တတ်ဘူးဗျ။ သူတို့များ VB program တောင် တစ်ခါမှ မဖွင့်ဘူးပဲ စာမေးပွဲဖြေနိုင်ကြတယ်။ အံ့ရော။ database တွေလည်း စာအုပ်ထဲမှာဆောက်။ program တွေလည်း စာအုပ်ထဲမှာရေး။ run တော့လည်း စာအုပ်ထဲမှာပဲ။ နောက်ပြီး ပါးစပ်ကလည်း တတွတ်တွတ်နဲ့။ ဘာပါရင် ဘာရေး။ ဘယ်အဆင့်ပြီး ဘာရေးနဲ့။ လန်ထွက်တယ်ဗျာ။ တကယ့်ကို အံ့ဖွယ်လိလိပဲ။More