saturngod
-

အလုပ်အပေါ်မှာ ခံယူချက်က တစ်ယောက်နဲ့ တစ်ယောက် မတူညီနိုင်ဘူး။ အချို့တွေကလည်း ဝါသနာပါတာကို လုပ်လို့ ဆိုကြသလို အချို့တွေကလည်း အလုပ်ရနိုင်တာကို လုပ်။ ဝါသနာထက် ရေရည်ရပ်တည်နိုင်ဖို့က အရေးကြီးတယ်လို့ ဆိုကြပြန်တယ်။ တစ်ယောက် နဲ့ တစ်ယောက် ခံယူချက်မတူသလို ကျောင်းပြီးကာစ လူငယ်လေးတွေလည်း ဘာလုပ်ရမှန်းမသိကြတာ အမှန်ပါ။ ငယ်ငယ်တုန်းက အမေ ခဏခဏ ပြောဘူးတယ်။ သားကို အမေတို့က ပညာအမွေပဲ ပေးနိုင်တယ်။ ပညာတတ်အောင် သင်ပေးတဲ့ အထိပဲ အမေတို့ တတ်နိုင်မယ်။ ကိုယ့်ဘဝ ကိုယ်ရပ်တည်ရမှာပဲလို့ ငယ်ငယ်တုန်းက အမေ ခဏခဏ ပြောခဲ့ဘူးတယ်။ ပညာ အမွေ ? အဖေ တို့ အမေ တို့ ပေးနိုင်တာကတော့ ကျောင်းပညာ အမွေပါ။ ကျောင်းပညာ လို့…
-
WaitZar တွင် အောက်ပါ အကူအညီများ လိုအပ်လျက်ရှိသည်။ Testers – WaitZar အသစ်ကိုစမ်းသပ်ပေးဖို့ လိုအပ်ပါတယ်။ Tester တွေကမြန်မာလို ဖြစ်ဖြစ် ရှမ်းလို ဖြစ်ဖြစ် ရေးတတ်ပြီးတော့ program ကလုပ် သင့်တိုင်းအတိုင်း မလုပ်ရင် အသိပေးဖို့လိုအပ်ပါတယ်။ ကျွန်နော် ဒို့ tester အများကြီးလိုပါတယ်။ Documenters – Document ရေးသူများကတော့ Wait Zar နဲ့ပတ်သက်ပြီးတော့ ရေးချင် ပြီးတော့ WaitZar ဘယ်လိုသုံးရမလဲ ဆိုတာကိုရေးပေးရပါမယ်။ Blog တွေ Wiki တွေလိုမျိုးမှာ ရေးရပါမယ်။ ဘယ်ဘာသာ စကားနဲ့မဆို ရေးလို့ရပါတယ်။ WaitZar ရဲ့ အသုံးပြုနည်းလမ်းညွန်ကို လဲ ဝိုင်းပြီးတော့ ရေးလို့ရပါတယ်။ ဒီလိုလူမျိုးတွေလဲ အများကြီးလိုအပ်ပါတယ်။ Translators –…
-

မနေ့က နိုင်ငံခြား ရောဂါ ဆိုပြီး ကိုမိုးစက်မှော် blog ကနေ ဖတ်လိုက်ရတယ်။ ဖတ်ကြည့်လိုက်တော့လည်း ဟုတ်နေသလိုလိုပါပဲ။ ဟုတ်နေသလိုလိုပါပဲလို့ ပြောရတာက ကျွန်တော့်ပတ်ဝန်းကျင်မှာ အဲလို ကိစ္စတွေ မကြုံဖူးလို့ပါ။ ကျွန်တော် Singapore မှာ နေတဲ့ အသိုင်းအဝိုင်းက ရုပ်ရှင်ကားထဲက စကားလုံးကို ဌားသုံးပြီးပြောရရင်တော့ ပညာတတ်အသိုင်းအဝန်းပေါ့။ တနည်းဆိုရရင် ဘွဲ့ရပြီး လုပ်ငန်းခွင်ထဲမှာ လုပ်ကိုင်နေတဲ့သူတွေ Master ဆက်တက်နေတဲ့သူတွေကြီးပါပဲ။ အင်္ဂလိပ်စာ မပြောတတ်တဲ့သူ မပါသလို ကိုယ့်အားကိုယ်ကိုးချင်စိတ် မရှိတဲ့သူတွေလည်း မပါဘူးလို့ ဆိုရမယ်။ ဒါကြောင့် ကျွန်တော် နိုင်ငံခြားရောဂါမှာ ပြောထားတာတွေ ဟုတ်သလား မဟုတ်လားတော့ သေချာမသိပါ။
-

ရန်ကုန်ကလူတွေတော့ Posterous ကို သုံးလို့ရမရ မသိဘူး။ Posterous က blogspot လိုမျိုး blog site တစ်ခုပါပဲ။ blog တွေကို လွယ်လွယ်ကူကူ ဖန်တီးလို့ရသလို လှပတဲ့ Theme တွေလည်း တော်တော်များပါတယ်။ Tumblr လိုမျိုး posterous Blog တွေကိုလည်း subscribe ( Follow ) လုပ်လို့လည်း ရပါတယ်။ Why posterous Tumblr ဟာ blogpost ကို လွယ်လွယ်ကူကူနဲ့ တင်လို့ရပါတယ်။ နောက်ပြီးတော့ audio နဲ့ video တွေတင်ရတာ အရမ်းလွယ်ပါတယ်။ Posterous မှာ အကြိုက်ဆုံးအပိုင်းကတော့ blog ရေးသာထက် bookmarklet ပဲ။ ကိုယ်ကြိုက်တဲ့ website တွေကို လွယ်လွယ်ကူကူ bookmark လုပ်လို့ရအောင် ဖန်တီးပေးတာပါ။ ဥပမာ ကြည့်ချင်ရင်တော့ http://saturngod.pulsememe.com မှာ…
-
Facebook Account အပါအဝင် Twitter, WordPress ( wordpress နဲ့ လုပ်ထားတဲ့ website တွေ အပါအဝင် ) , Gowalla , tumblr.com စသည့် တော်တော်များများ site ကို firesheep ဆိုတဲ့ firefox addon နဲ့ လွယ်လွယ်ကူကူ hijack လုပ်လို့ရပါတယ်။ firesheep ကို firefox ကနေ run လိုက်ပြီဆိုတာနဲ့ wifi network ထဲမှာ ရှိနေတဲ့ အသုံးပြုသူအားလုံးရဲ့ page တွေကို login ဝင်စရာမလိုပဲ လွယ်လွယ်ကူကူ ဝင်ရောက်နိုင်ပါတယ်။ ကာကွယ်လို့ရတဲ့ နည်းလမ်းကတော့ https:// ကို အသုံးပြုခြင်းပါပဲ။ firefox မှာဆိုရင်တော့ forceTLS ဆိုတဲ့…
-

ကျွန်တော် အပိုင်း ၁ ကိုတော့ ရေးပြီးပါပြီ။ အပိုင်း ၁ မှာတော့ အလုပ်ရတဲ့ အကြောင်း ကို ရေးပြီးပါပြီ။ အဲ.. အလုပ်လည်း ရတယ်။ ဒီဘက်ကိုလည်း အလုပ်ထွက်မယ်လို့ ပြောလိုက်ပြီ။ ကျွန်တော့် အမှားက အဲမှာ စတာပဲ။ ဒီဘက်က EP status မသိရသေးခင် အလုပ်ထွက်ဖို့ အကြောင်းပြောလိုက်တာပဲ။ ပုံမှန် အားဖြင့် တော်တော်များများက EP status သိရမှ အလုပ်ထွက်စာတင်ကြပါတယ်။ ကျွန်တော်က ဒီဘက် ကနေ EP မလျှောက်ရသေးခင် ထွက်စာတင်လိုက်တော့ စိတ်မချရတဲ့ အခြေအနေကို ရောက်သွားတာပေါ့။
-
Airsoft သွား ပစ်တဲ့ နေ့တုန်းက Web Designer နဲ့ ကားမှာ ဘေးကပ်ရပ် ထိုင်ဖြစ်တော့ စကားပြောဖြစ်ခဲ့တယ်။ သူနဲ့ အတူတူထိုင်ပြီးတော့ သူ့နိုင်ငံ အကြောင်း ကိုယ့် နိုင်ငံ အကြောင်းတွေ ပြောဖြစ်ခဲ့တဲ့အပိုင်းထဲက အပိုင်း အချို့ Me: မင်းတို့ အစိုးရက ဘယ်လိုလဲ။ Dirman: အရမ်းဆိုးတယ်ကွာ။ Me: ဟုတ်လား။ ဒါနဲ့ မင်း Design ပိုင်းကို ဘယ်ကနေ သင်လာတာလဲ။ Dirman: ကျောင်းမှာ သင်လာတာလေကွာ။ Me: အန် … အဲဒါတွေ တက္ကသိုလ်မှာ သင်တယ်။ ဟုတ်လား။ Dirman: အေးလေ။ မင်းတို့ဆီမှာ အဲလိုမျိုး တက္ကသိုလ် မရှိဘူးလား။ Visual Art တို့ Visual…
-

မန်ယူမှာတော့ Rooney ပြောင်းမယ် ကိစ္စက အရမ်းကို နာမည်ကြီးသွားတယ်။ အခုတော့ မန်ယူနဲ့ ၅ နှစ် စာချုပ်သက်တမ်း ထက်တိုးလိုက်ပါပြီ။ အဲ… ပြောချင်တာ ဘောလုံးသမား အပြောင်းအရွှေ့ ကိစ္စ မဟုတ်ပါ။ စလုံးမှာ အလုပ်လုပ်ပြီး နောက်ထပ် အလုပ်ပြောင်းတဲ့ အခါမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို အတွေ့အကြုံရအောင် ပြောမလို့ပါ။ လွန်ခဲ့တဲ့ ၁ နှစ်က စလုံးကို စရောက်ခဲ့တယ်။ စရောက်ပြီး ၃ ရက်မှာပဲ Point Star မှာ အလုပ်ရခဲ့တယ်။ PHP Developer အနေနဲ့ပါပဲ။ Point Star က အဓိက Google Apps ကို ရောင်းတာ ဖြစ်ပြီးတော့ Web Development ကိုလည်း Client တွေ လိုအပ်တဲ့အခါမှာ ရေးဆွဲပေးပါတယ်။ Google Apps ရောင်း။ ပြီးရင် websites ဆောက်ပေးပေါ့။ Website တွေ အားလုံးဟာလည်း wordpress…
