saturngod

  • Luffy Song Ring Tone

    Luffy Skypedia မှာတုန်းက ဆိုတဲ့ သီချင်းကို ကာတွန်းကားကြည့်ကတည်းက ရယ်နေတာ။ ဒီနေ့ ထပ်တွေ့တော့ မနေနိုင်ပဲ Ring Tone လုပ်လိုက်တယ်။ ဖုန်းလာတိုင်း တော်တော်ရယ်ရတယ်။ အဖွားကတော့ “ဟဲ့… နင့် သီချင်းက ကုလားသီချင်းလား” လို့တောင် မေးရတဲ့ အထိပဲ။ အသံကြားရင် မနေနိုင်ပဲ ရယ်မိတာကတော့ အမှန်ပဲ။ မူရင်း ကာတွန်းကားထဲက အသံပါ။

  • NSObject with NSUserDefaults

    ဒီနေ့တော့ တနေကုန်သွားတယ်။ NSMutableArray ထဲမှာ NSObject ထည့်ပြီးတော့ NSUserDefaults ထဲမှာ သိမ်းတာ လုံးဝကို မရဘူး ဖြစ်နေတယ်။ အစက NSMutableArray က သိမ်းမရဘူး ဖြစ်တာ ထင်ပြီး အဲဒီ keyword နဲ့လိုက်ရှာပြီး ဖြေရှင်းကြည့်သေးတယ်။ ပြီးမှစဉ်းစားမိတယ်။ အကြမ်းရေးထားတုန်းက  NSMutableArray ပါပဲ။ ဒါပေမယ့် NSObject မသုံးထားတာပဲ ရှိတယ်ဆိုပြီး စဉ်းစားမိပါလေကော။ အဲဒါ စဉ်းစားမိချိန်ကလည်း ညရောက်နေပြီ။ မနက်တုန်းက ရှာတုန်းကတော့ NSObject ကို NSUserDefaults ထဲ ထည့်လို့မရဘူး။ NSData ပြောင်း Archive လုပ်ပြီး ထည့်။ ပြီးမှ ပြန်ထုတ်တဲ့အခါမှာ NSData နဲ့ ပြန်ထုတ်။ Unarchive လုပ်။ ဘာတွေ မှန်းလဲ မသိ။

  • ဒီနေ့ ရေးဖြစ်တဲ့ iPhone SDK tutorial ၂ ပုဒ်။ နောက်နေ့ အားရင်တော့ UITableView section အကြောင်းရေးပါအုံးမယ်။ UITableView Tutorial UITableView Delete Tutorial နောက်ပြီးတော့ ကျွန်တော် အခုတလော မှတ်ထားတဲ့ iPhone SDK snippet လေးတွေကို ကြည့်ချင်ရင်တော့ http://snipplr.com/users/saturngod/ မှာ ကြည့်လို့ရပါတယ်။ တချို့ snippet လေးတွေက objective c မှာ တော်တော်လေး ကို အသုံးဝင်လို့ မှတ်ထားတာပါ။

  • MZ မှာ T.K တင်ထားတာတွေ့လို့ပါ။ http://www.mysteryzillion.org/forums/showthread.php/9114-Ubuntu-Myanmar-LoCo-Team ကို ပြန်လည် ဖော်ပြထားပါတယ်။ Myanmar Ubuntu LoCo Team ဖွဲ့စည်းနိုင်ရန်နှင့် Ubuntu အကြောင်း ပိုမိုသိရှိနားလည်ပြီး အသုံးချနိုင်ရန် ရည်ရွယ်ပြီး အောက်တိုဘာလ ၂၃ ရက်နဲ့ ၂၄ ရက်တွေမှာ ဗိုလ်အောင်ကျော်လမ်း နှင့် မဟာဗန္တုလလမ်းဒေါင့်ရှိ BAK Computer Mark ၏ Wifi-FreeZone တွင် Ubuntu အကြောင်း ရှင်းလင်း ဆွေးနွေးပေးသွားမည်ဖြစ်ပါသည်။ Ubuntu အကြောင်း မြန်မာဘာသာဖြင့် Wiki မှ လေ့လာသင်ယူနိုင်ရန် Wiki အား ဖတ်ရှုလေ့လာပုံနှင့် Wiki ၏ နည်းပညာပိုင်း ဆိုင်ရာ သတ်မှတ်ချက်များကို လေ့လာရန်မလိုပဲ Microsoft Word နှင့် OpenOffice ကိုအသုံးပြု၍ Wiki…

  • Nifty Framework

    MVC ဘယ်လို ရေးရလဲ။ MVC ကို ကိုယ့်ဘာသာ ကိုယ် PHP နဲ့ရေးချင်တယ်။ MVC ကို CI တို့အခြား Framework မသုံးချင်ဘူး။ ကိုယ်တိုင် စမ်းရေးကြည့်ချင်တယ်။ ဘယ်လို ရေးရမှန်းမသိဘူး။ အဲလိုမျိုး မေးခွန်းလေးတွေ ခဏခဏ ကြားနေရတဲ့အတွက် ကျွန်တော် Nifty ဆိုတဲ့ framework ကို ရေးထားပါတယ်။ အရမ်းကို ရိုးရှင်းပြီး OOP ကိုပဲ အသုံးပြုထားပါတယ်။ MVC ပဲ ပါပါတယ်။ helper တို့ database class တို့ မပါပါဘူး။ core ပဲပေါ့။ core တည်ဆောက်ပုံ သိရှိသွားရင် အပေါ်မှာ ကိုယ့်ဘာသာကိုယ် helper class ထည့်တာတို့ database class…

  • BlackBerry PlayBook

    ထွက်မယ် ထွက်မယ်နဲ့ စောင့်နေရတဲ့ BlackBerry က အခုတော့ တရားဝင် ကြေငြာလိုက်ပါပြီဗျာ။ ကြည့်ရတာကတော့ မဆိုးဘူး။ Android ထက်စာရင် ပိုလှတယ်လို့ ဆိုရမယ်။ HTML5 အပြင် Flash 10.1 ပါရပါတယ်။ webkit ပဲနဲ့တူတယ်။ အဲဒါကိုတော့ သေချာမရေးထားဘူး။ 7″ LCD display, 1024 x 600 screen resolution ပါတဲ့ဗျာ။ 0.9 lbs (400g) သာရှိပြီးတော့ Multitouch လည်းရတယ်ဗျ။ ထုံးစံအတိုင်း wifi ရယ် usb connector ရယ်ကတော့ ပါရတာပဲ။

  • Windows Phone 7 Really ?

    ကြော်ငြာကြည့်ရတာ အခု iPhone သမားတွေ ဖြစ်နေတဲ့ ပုံနဲ့ တော်တော်တူပါတယ်။ ကြည့်ရတာ Windows Phone 7 ကလည်း iPhone လိုမျိုး အောင်မြင်မယ်လို့ မျှော်မှန်းထားပုံပဲ။ Oct 11 ပတ်ဝန်းကျင်လောက် ထွက်မယ်နဲ့တူပါတယ်။ အခုထက်ထိတော့ ကောလဟာလတွေပဲ ရှိသေးတယ်။ Oct မှာတော့ ထွက်မှာ သေချာပါတယ်။

  • VB6 suck ?

    မနေ့က အောင်စည်သူနဲ့ Food court မှာ စကားပြောဖြစ်တယ်။ ထုံးစံအတိုင်း computer သမားဆိုတော့ စကားပြောတော့ computer အကြောင်းရောက်သွားတယ်။ သူက ပြောတယ် သူ VB6 လုပ်လိုက်တာ အချိန် တော်တော်ကုန်သွားပြီး C++ ကို မလုပ်မိလိုက်တာ မှားသွားတယ်ပေါ့။ VB6 နဲ့ သူ အလုပ်လုပ်ခဲ့တဲ့ Project အကြောင်းလေးလည်း ပြောဖြစ်တယ်။ ကျွန်တော်ကကော …. အင်း.. ကျွန်တော်လည်း VB 6 နဲ့ ၂ နှစ်လောက် အချိန်ကုန်သွားတယ်။ UCSY ကျေးဇူးနဲ့ C++ ကို စပြီး သိခဲ့ရတာ။ နောက်မို့ဆို သိဖြစ်မယ်မထင်။ အခု အချိန်ထိ လေ့လာဘူးတဲ့ language တွေထဲမှာ VB6 နဲ့…