saturngod
-
Android ကို kotlin နဲ့ မရေးဖြစ်တာ တော်တော်ကြာသွားပြီ။ Ornagai ကိုလည်း update မလုပ်ဖြစ်ဘူး။ အခု flutter ကို လေ့လာမှ Ornagai ကို ပြန်ပြီး ရေးဖြစ်တယ်။ Flutter နဲ့ ရေးရတာ တော်တော်လေးအဆင်ပြေတယ်။ အထူးသဖြင့် widget တွေကို ပြန်ပြန်သုံးလို့ရတာ နောက်ပြီး stateful ဖြစ်တာတွေက အရင်က ရေးရသည့် ပုံစံ နဲ့ မတူဘူး။ Flutter ကို စလေ့လာကာစက development time ကြာမယ် ထင်ပေမယ့် တကယ်လုပ်ကြည့်တော့ ပုံမှန် Kotlin နဲ့ ရေးတာထက် ပိုပြီး မြန်တယ်။ နောက်တချက်က package တွေက တော်တော်များများ ready ဖြစ်နေပြီ။ webview…
-
Android Studio မှာ code တွေများလာရင် နှေးနှေးလာတာတော့ ကြာပြီ။ Project အကြီးကြီး တစ်ခုကို ဖွင့်တော့ လုံးဝ ကို နှေးကြသွားတယ်။ ကျွန်တော့် စက်လောက် perofrmance မကောင်းသည့် laptop မှာတောင် အဲဒီ project က အလုပ်လုပ်ပေမယ့် ကျွန်တော့် ဆီမှာ တော်တော်နှေးနေတော့ ဘာဖြစ်လို့ လည်း ဆိုပြီး ရှာကြည့်တော့မှ Fira code ဖြစ်နေတယ်။ Fira Code ဆိုတာက Monospaced font with programming ligatures ပါ။ အောက်ကလို မြင်ရပါလိမ့်မယ်။ != ဆိုရင် =/= ပုံစံလေး နဲ့ ပြပေးပါတယ်။ တနည်းပြောရင် unicode font တွေလို…
-
တော်တော်တိုင်ပတ်သွားတယ်ပဲ ပြောရမယ်။ Apache မှာ Header set Access-Control-Allow-Origin “*” ဆိုပြီးထည့်ထားပေမယ့် Cloudflare က အလုပ်မလုပ်ဘူး။ Clear cache တွေမျိုးစုံလုပ်ပေမယ့်လည်း အလုပ်မလုပ်ဘူး။ တချို့ font တွေ က အလုပ်လုပ်ပေမယ့် တော်တော်များများ အလုပ်မလုပ်တော့ ဘူး ဖြစ်သွားတယ်။ နောက်ဆုံး မရသည့် အဆုံးမှာ Digital Ocean space ပေါ်ကို font တွေ ပြောင်းတင်လိုက်တယ်။ ပြီးတော့ Space CDN နဲ့ font ကို ပြန်ထည့်ပေးလိုက်တော့ အရင်ကထက် ပိုပြီး ကောင်းပြီး အဆင်ပြေသွားသေးတယ်။ ရက်တော်တော်ကြာသွားသည့် အတွက်လည်း တောင်းပန်ပါတယ်။ လက်ရှိ mmwebfonts သုံးနေသည့် သူတွေ အများကြီး ရှိပြီး…
-
2019 ဟာ personal development အတွက် ဘာမှ မလုပ်ဖြစ်သည့် နှစ်ပဲ ဆိုရမယ်။ ပုံမှန် ၁ နှစ်ကို စာအုပ် ၅ အုပ်လောက် အနည်းဆုံး ဖတ်ဖြစ်ပေမယ့် ဒီနှစ်ကတော့ ၁ အုပ်ပဲ ပြီးတယ် ဆိုရမယ်။ ပုံမှန် အားဖြင့် Apple Developer Conference ပြီးရင် Video တွေ ထွက်သမျှ အကုန်ကြည့်ခဲ့ပေမယ့် ဒီနှစ်ကတော့ ၂ ခု လောက်ပဲ ကြည့်ဖြစ်တယ်။ ၁ နှစ်လုံး ဘာလုပ်နေလဲ ဆိုပြီး ကိုယ့်ဘာသာကိုယ် ပြန်မေးမိတယ်။ အောင်မြင် App ရှိလာတော့ စာအုပ်မဖတ်ခင်မှာ အဲဒီ App မှာ စာအုပ်ရှိရင် နားပဲထောင်လိုက်တာ များတယ်။ စာအုပ်မဖတ်ဖြစ်ပေမယ့် စာအုပ်…
-
ပုံမှန် interview တွေမှာ ကျွန်တော် မေးနေကျ မေးခွန်းတစ်ခုပါ။ Encryption , Encoding , Hashing ဘာတွေ ကွာလဲ ဆိုပြီး မေးနေကျ မေးခွန်းတစ်ခုပါ။ တော်တော်များများက Encryption နဲ့ Encoding ကို ရောနေသလို Hashing ကို ဘာဖြစ်လို့ အသုံးပြုသလဲ ဆိုတာကို နားမလည်တာများပါတယ်။ Encryption Data ကို တစ်စုံတစ်ယောက်က ဖတ်လို့ မရအောင် ပြုလုပ်ချင်သည့် အခါမှာ Encryption ကို အသုံးပြုပါတယ်။ ဥပမာ သော့အိမ် နဲ့ သော့ လိုပါပဲ။ သေတ္တာကို သော့ နဲ့ ခတ်လိုက်တယ်။ သေတ္တာထဲမှာ ဘာရှိလဲ သိဖို့ အတွက် သော့ နဲ့ ပြန်ဖွင့်…
-
ပြီးခဲ့သည့် အပတ်က .NET ဘက်ကနေပြီးတော့ TripleDES ကို သုံးပြီး encrypt လုပ်ထားတာကို PHP က ပြန်ဖြည်ဖို့ ဖြစ်လာတယ်။ PHP ရဲ့ default openssl encrypt decrypt က အလုပ်မလုပ်ဘူး။ ဒါနဲ့ ရှာကြည့်တော့ နောက်ဆုံး phpseclib နဲ့ပဲ အဆင်ပြေသွားတယ်။ အရင်ဆုံး composer နဲ့ phpseclib ကို သွင်းဖို့ လိုမယ်။ composer require phpseclib/phpseclib ပြီးရင် composer နဲ့ အခုလို အသုံးပြုနိုင်ပါတယ်။ use phpseclib\Crypt\TripleDES; function encrypt($val,$key) { $des = new \phpseclib\Crypt\TripleDES(\phpseclib\Crypt\Base::MODE_ECB); $key = "HELLO"; $des->setKey($key);…
-
ရုံးအတွက် Project Management tool အတွက် တော်တော်များများသုံးဖြစ်ခဲ့တယ်။ ရုံးမှာ လူများလာသည့် အခါမှာ အချို့ Tool တွေက အဆင်မပြေတာလေးတွေ ရှိလာတာနဲ့ ၃ နှစ်အတွင်း တစ်ခု ပြီး တစ်ခုပြောင်းသုံးခဲ့တာ အခု OnRoadMap ကို သုံးဖြစ်နေတယ်။ OnRoadMap ကို အဓိက သုံးဖြစ်သည့် အချက်ကတော့ ဘယ်သူတွေ ဘာလုပ်နေလဲ ဆိုတာကို တစ်နေရာတည်းမှာ ကြည့်လို့ရတာပဲ။ Basecamp က အဆင်ပြေပေမယ့် ပြသနာက ဘယ်သူတွေ အားနေတယ် ဘယ်သူတွေ ဘာတွေ လုပ်နေလဲဆိုတာ တစ်နေရာတည်းမှာ ကြည့်မရဘူး။ ဒီနေ့ ဘာတွေလုပ်ထားလဲဆိုတာကို သိဖို့ history ကို ပြန်ကြည့်နေရတယ်။ OnRoadMap မှာ အဆင်ပြေတယ်။ နောက်တချက်က Project…