saturngod
-
Laravel က log ကို logstash ကို ပို့ဖို့ စမ်းနေတာ ကြာပြီ။ သေချာအချိန်ပေးပြီး မစမ်း ဖြစ်ဘူး။ ကျွန်တော် ဖန်တီးချင်သည့် infra က အောက်ကလို ပုံပါ။ Laravel နဲ့ Apache က log တွေ အကုန် logstash ကို ပို့။ logstash ကနေ elastic search ကို ပို့။ ပြီးရင် kibana နဲ့ filter လုပ်ကြည့်ဖို့အတွက်ပါ။ အခုတော့ ရသွားပါပြီ။ အဓိက logstash မှာ plugin တွေ သွင်းရတာ ကို မသိခဲ့တာပါ။ Logstash အတွက် config ကို အောက်ကလို ရေးပါတယ်။…
-
ဒီနေ့ Android Studio မှာ build လုံးဝ လုပ်မရပဲ Gradle Sync မှာ fail အမြဲဖြစ်နေတယ်။ Error လည်း မရှိဘူး။ နောက်ဆုံး အောက်မှာ ရေးထားသည့် အတိုင်း လုပ်လိုက်တာ အဆင်ပြေသွားတယ်။ File > Invalidate Cache/Restart Invalide and Restart Manually close the Android Studio Open Again Gradle Sync again နောက်တစ်ခါ ဖြစ်ရင် လွယ်လွယ် ရှာလို့ရအောင် blog မှာ ရေးရင်း လာမှတ်ထားပါသည်။
-
အခုတလော မြန်မာငွေတွေ မတည်ငြိမ်တာကြောင့် Crypto လုပ်ဖို့ စဥ်းစားနေသည့် သူတွေ နောက်ပြီး Doge ကြောင့် Crypto ကို စိတ်ဝင်စားမိသည့် သူတွေ အနေနဲ့ Crypto currency ဝယ်သင့်သလား စသည်ဖြစ် တွေဝေ နေကြတယ်။ အခုအချိန်မှာ Crypto က စျေးကွက်ပျက်နေချိန်မှာ တောင့်ခံထားသည့် အချိန်ဖြစ်နေတယ်။ USD ဝယ်ရတာ ခက်လို့ ဆိုရင်တော့ USD နဲ့ စျေးတူသည့် USDT ကိုတော့ ဝယ်ထားနိုင်ပါတယ်။ P2P ဘယ်လို အလုပ်လုပ်လဲ ဆိုတာတော့ မရေးတော့ပါဘူး။ Binance မှာ ဝင်ပြီး register လုပ်။ Passport နဲ့ KYC တင်ပြီးရင် ဝယ်ရောင်း စလုပ်လို့ရပါပြီ။ အခြား exchange…
-
အခု တလော နည်းပညာ နဲ့ ကျွန်တော် အပါအဝင် တော်တော်များများ အဆက်ပြတ်နေကြပါတယ်။ အဲဒီအတွက် ဒီ ၂ လ အတွင်း နိုင်ငံတကာမှာ ပြောင်းလဲ နေသည့် နည်းပညာ အကြောင်းကို ပြန်လည် ဖော်ပြထားပါတယ်။ Flutter 2 PHP 8 Penpot.app New iPad New Apple M1X on Mac mini Flutter 2 Flutter 2 မှာတော့ web အတွက်ကော desktop အတွက်ပါ ready ဖြစ်လာပါပြီ။ တခါတည်း ရေးပြီး အကုန်လုံးကို export လုပ်သည့် ပုံစံ ဖြစ်လာပါပြီ။ ပြဿနာကတော့ library တွေ အကုန်လုံးက…
-
(Personal post တစ်ခု ဖြစ်ပြီး အမြဲမှတ်မိအောင် blog မှာ ရေးမှတ်ထားခြင်းဖြစ်သည်) ဖေဖော်ဝါရီ ၁ ရက် ၂၀၂၁ မနေ့ မနက် ၆ နာရီ မှာ သူငယ်ချင်း တစ်ယောက်က ဖုန်းဆက်လာလို့ ဟုတ်မှဟုတ်ရဲ့လား ဆိုပြီး facebook ပေါ်တက် သတင်းတွေ ဖတ် ဖြစ်တယ်။ သေချာသွားပြီ ဆိုတာနဲ့ အရင်ဆုံး တွေးမိတာက လခ တွေ အမြန်လွှဲဖို့ပဲ။ နောက်ပြီး ချက်ချင်း ဒီနေ့ ရုံးမလာဖို့ Team မှာ အကြောင်းကြားထားလိုက်တယ်။ ဖုန်းတွေလည်း ပျက် အင်တာနက်လည်းပျက်တောက်သွားတော့ သဘောပေါက်လိုက်တာက ငါတို့ လုပ်ငန်းတွေ အင်တာနက် မရှိရင် code တောင်ရေးမရဘူး ဆိုတာ နားလည်သွားတယ်။ နေ့လည်ဘက်လောက်မှာ အင်တာနက်…
-
အခုခေတ်လူတွေကတော့ WebOS ဆိုတာကို သိသည့်လူ ရှားလိမ့်မယ်။ iPhone မပေါ်ခင်က Palm phone တွေမှာ Palm OS ဆိုပြီး ရှိတယ်။ ၂၀၀၉ လောက်မှာ Palm OS ကနေ Palm WebOS ဆိုပြီး စခဲ့တာ။ iPhone က ၂၀၀၇ မှာ ထုတ်ပြီး စအောင်မြင်လာပြီး Palm ရဲ့ market တော်တော်များများ ပါသွားသည့် အချိန်ပေါ့။ 2010 မှာ HP က Palm ကို ဝယ်လိုက်တယ်။ အဲဒီ တုန်းကတော့ သေပြီ။ webOS တော့ မစခင် သေပြီလို့ ထင်ခဲ့တာ။ HP က webOS ကို အသေအချာ…
-
2020 ကို ပြန်ကြည့်လိုက်ရင် ဘာမှ အားရကျေနပ်စရာမရှိပါဘူး။ အိမ်မှာ နေတာနဲ့ အချိန်ကုန်သွားတယ်။ SE 2020 ပွဲမှာ ကူပေးခဲ့တာတော့ သဘောကျပါတယ်။ ၂၀၂၀ မှာ လုပ်ဖြစ်ခဲ့တာက Database basic စာအုပ်ရေးဖြစ်တယ်။ စာအုပ် ၁ အုပ်မှ မဖတ်ဖြစ်ဘူး။ ဒါပေမယ့် ဝယ်ထားသည့် စာအုပ်တွေကတော့ အများကြီးပဲ။ Wonder Woman 1984 ရုပ်ရှင်ကားပဲ ကြည့်ဖြစ်လိုက်တယ်။ Work From Home ဖြစ်သွားလို့ ရုပ်ရှင်ကား ကြည့်ဖို့ သပ်သပ် အချိန်မပေးဖြစ်တာနဲ့ မကြည့်ဖြစ်တော့ဘူး။ ကလေးတွေနဲ့ အချိန် ပိုကုန်ဖြစ်တယ်။ သူတို့ နဲ့ ရှိသည့် အချိန်ဆိုရင် ဖုန်းကို ပိတ်ထားပြီး ဖုန်းလာရင်လည်း မကိုင်ဖြစ်တော့ဘူး။ တနေကုန်လုံး အိမ်မှာရှိနေပေမယ့် ညဘက်…
-
ကိုဇင်မင်းက Software Development ပွဲ ကျင်းပဖို့ ကျွန်တော့်ကို တိုင်ပင်တော့ ၁ လ လောက်ကြာမယ် ပြောတော့ ဟုတ်ပါ့မလား ဆိုပြီး ဖြစ်မိတယ်။ အဓိက တော့ လူငယ်တွေကို code ရေးတာထက် software development လုပ်ဖို့ ဆိုပြီး ပြောတယ်။ ကူညီနိုင်သလောက် ကူပေးပါမယ်လို ကတိပေးပြီး ကူညီ ဖြစ်ခဲ့ပါတယ်။ ပွဲကတော့ ၁ လ လောက် ကြာပေမယ့် တကယ်လုပ်ကြတယ်။ Code ရေးတာနဲ့ software တစ်ခု development လုပ်တာ မတူဘူး ဆိုတာကို သဘောပေါက်အောင် ကိုဇင်မင်း ရှင်းပြပေးနိုင်တယ်။ High Level Design တွေ document အပိုင်းတွေက ကျွန်တော်တို့ developer တွေ…
