saturngod

  • ပုံမှန် interview တွေမှာ ကျွန်တော် မေးနေကျ မေးခွန်းတစ်ခုပါ။ Encryption , Encoding , Hashing ဘာတွေ ကွာလဲ ဆိုပြီး မေးနေကျ မေးခွန်းတစ်ခုပါ။ တော်တော်များများက Encryption နဲ့ Encoding ကို ရောနေသလို Hashing ကို ဘာဖြစ်လို့ အသုံးပြုသလဲ ဆိုတာကို နားမလည်တာများပါတယ်။ Encryption Data ကို တစ်စုံတစ်ယောက်က ဖတ်လို့ မရအောင် ပြုလုပ်ချင်သည့် အခါမှာ Encryption ကို အသုံးပြုပါတယ်။ ဥပမာ သော့အိမ် နဲ့ သော့ လိုပါပဲ။ သေတ္တာကို သော့ နဲ့ ခတ်လိုက်တယ်။ သေတ္တာထဲမှာ ဘာရှိလဲ သိဖို့ အတွက် သော့ နဲ့ ပြန်ဖွင့်…

  • ပြီးခဲ့သည့် အပတ်က .NET ဘက်ကနေပြီးတော့ TripleDES ကို သုံးပြီး encrypt လုပ်ထားတာကို PHP က ပြန်ဖြည်ဖို့ ဖြစ်လာတယ်။ PHP ရဲ့ default openssl encrypt decrypt က အလုပ်မလုပ်ဘူး။ ဒါနဲ့ ရှာကြည့်တော့ နောက်ဆုံး phpseclib နဲ့ပဲ အဆင်ပြေသွားတယ်။ အရင်ဆုံး composer နဲ့ phpseclib ကို သွင်းဖို့ လိုမယ်။ composer require phpseclib/phpseclib ပြီးရင် composer နဲ့ အခုလို အသုံးပြုနိုင်ပါတယ်။ use phpseclib\Crypt\TripleDES; function encrypt($val,$key) { $des = new \phpseclib\Crypt\TripleDES(\phpseclib\Crypt\Base::MODE_ECB); $key = "HELLO"; $des->setKey($key);…

  • ရုံးအတွက် Project Management tool အတွက် တော်တော်များများသုံးဖြစ်ခဲ့တယ်။ ရုံးမှာ လူများလာသည့် အခါမှာ အချို့ Tool တွေက အဆင်မပြေတာလေးတွေ ရှိလာတာနဲ့ ၃ နှစ်အတွင်း တစ်ခု ပြီး တစ်ခုပြောင်းသုံးခဲ့တာ အခု OnRoadMap ကို သုံးဖြစ်နေတယ်။ OnRoadMap ကို အဓိက သုံးဖြစ်သည့် အချက်ကတော့ ဘယ်သူတွေ ဘာလုပ်နေလဲ ဆိုတာကို တစ်နေရာတည်းမှာ ကြည့်လို့ရတာပဲ။ Basecamp က အဆင်ပြေပေမယ့် ပြသနာက ဘယ်သူတွေ အားနေတယ် ဘယ်သူတွေ ဘာတွေ လုပ်နေလဲဆိုတာ တစ်နေရာတည်းမှာ ကြည့်မရဘူး။ ဒီနေ့ ဘာတွေလုပ်ထားလဲဆိုတာကို သိဖို့ history ကို ပြန်ကြည့်နေရတယ်။ OnRoadMap မှာ အဆင်ပြေတယ်။ နောက်တချက်က Project…

  • Indesign 2020 မှာ မြန်မာ Unicode ကို စပြီးတော့ အသုံးပြုနိုင်ပါပြီ။ မြန်မာ unicode သုံးမယ်ဆိုရင် အရင်ဆုံး Preference > Advanced Type > Default Composer မှာ Adobe World-Ready Paragraph Composer ကို ပြောင်းသုံးပေးဖို့ လိုပါတယ်။ ပြီးရင်တော့ မြန်မာ unicode ကို အသုံးပြုနိုင်ပါပြီ။

  • စာအုပ်ထုတ်ဖို့ စာရိုက်ပြီးတော့ စာတွေ ပြန်စစ်တော့ အမှားတွေ အများကြီးပဲ ဖြစ်နေတယ်။ အဓိက ကတော့ ဝင်းပြောင်းလိုက်တာရယ် နောက်ပြီးတော့ Code ကို နားမလည်ပဲ ပြန်ရိုက်ထားတာကြောင့် spacing တွေ ပြဿနာဖြစ်နေတာ။ ဒါနဲ့ပဲ အစကနေ ပြန်စစ်ပြီး Unicode နဲ့ ရေးထားတာ ပြောင်းကြည့်ဖို့ လုပ်ဖြစ်တယ်။ Indesign ဖြစ်တော့ Unicode support လုပ်ပြီထင်ပြီး စမ်းကြည့်တော့ အလုပ်မလုပ်ဘူး ဖြစ်နေတယ်။ Unicode Support လုပ်ဖို့အတွက်က သီးသန့် unicode font ကို သုံးမှ ရမှာ ဆိုတော့ အဆင်မပြေပြန်ဘူး။ font design မများသလို အထူအပါးတွေကလည်း နည်းတယ်။ လက်ရှိ font design များတာကတော့ win…

  • ASR ဆိုတာကတော့ Automatic Speech Recognition (Speech to Text) ပါ။ Bagan ကနေ ပြီးတော့ Myanmar ASR ကို လုပ်နေတာ အတော်လေးကို ကြာနေပါပြီ။ ၁ နှစ်ကျော်လောက်တော့ ရှိပြီ ထင်တယ်။ အခုတော့ ၂၀% ပြီးပြီ ဖြစ်သည့် အတွက်ကြောင့် demo စမ်းလို့ ရပါတယ်။ Demo ကို https://research.baganintel.ai/asr မှာ စမ်းနိုင်ပါတယ်။ လက်ရှိ စမ်းသလောက်တော့ စာလုံးတော်တော်များများ မသိသေးဘူး။ Mobile နဲ့ က ပိုအဆင်ပြေတယ်။ Laptop နဲ့က mic က noise တွေ များနေတာ ကြောင့် အဆင်မပြေဘူး။ နောက်ပြီး အနားမှာ ပြန်ကာ…

  • မြန်မာစာ Syllable Break က တော်တော်များများ လုပ်ထားပြီးသားပါ။ မြန်မာစာ syllable break မှာ လက်ရှိ ကိုရဲကျော်သူ syllable က အတော်လေးကို ကောင်းတယ်။ သူ့ရဲ့ syllable ကို အခြေခံပြီး ထပ်ပြင် ထပ်ဖြည့်ရတာတွေတော့ ရှိပေမယ့် အဆင်ပြေတယ်လို့ ဆိုနိုင်တယ်။ NLP စပြီဆိုရင် Syllable Break ကို မဖြစ်မနေ လုပ်မှ ရတယ်။ Syllable Break လုပ်မှ word break အဆင်ပြေမယ်။ word break အဆင်ပြေမှ POS Tagging နဲ့ အခြား NLP ဆိုင်တာတွေ ရှေ့ဆက်လို့ ရမယ်။ မြန်မာစာမှာ အဓိက rules နဲ့ ဖြေရှင်းလိုက်လို့ရတယ်။…

  • JWT ကို သိတာကတော့ ကြာလှပါပြီ။ သို့ပေမယ့် သေသေချာချာ မသိဘူး။ Laravel မှာပါသည့် library ကိုပဲ သုံးလိုက်တာပဲ။ အခုမှ JWT ဆိုတာ ဘာလဲ ဆိုတာကို သေချာ ပြန်ဖတ်ကြည့်မိတယ်။ ကျွန်တော်တို့တွေ api authentication တွေကို သုံးသည့် Method တွေကတော့ HTTP Basic Authentication API Key or Token OAuth စတာတွေ အသုံးပြုကြပါတယ်။ JSON Web Token (JWT) ဟာ နောက်ပိုင်း လူ အသုံးများလာပြီး လက်ရှိ API အသုံးပြုထားသည့် project တိုင်းနီးပါး JWT ကို သုံးထားတယ်။ သို့ပေမယ့် အများစု က…