saturngod
-
ဒီနေ့ WordPress 3.0 ထွက်ပါပြီ။ WordPress 3 မှာ ဘာတွေ ပါလဲပြောဖို့အတွက် အပိုင်း ၂ ပိုင်းရှိပါတယ်။ User ပိုင်းနဲ့ Developer ပိုင်းဆိုပြီး ၂ ပိုင်းပါပါတယ်။ ကဲ.. User တွေ ဘာတွေ လုပ်လို့ရမလဲဆိုတာ အောက်က video လေးကို ကြည့်လိုက်ပါ။ https://videopress.com/v/wp-content/plugins/video/flvplayer.swf?ver=1.21
-
ဒီနေ့ မနက် blog ကို ဖွင့်လိုက်တာနဲ့ wordpress 3.0 upgrade လုပ်လို့ရပြီဆိုတာနဲ့ တစ်ခါတည်း လုပ်ပလိုက်တယ်။ ညရောက်မှပဲ wordpress 3.0 မှာ ပါလာတဲ့ feature အသစ်တွေ ရေးတော့မယ်။ သာမာန် user တွေအတွက် သိသိသာသာ မရှိပေမယ့် Developer တွေအတွက်တော့ အရမ်းကောင်းတဲ့ API တွေ ထပ်ပါလာတာပဲ။
-
မနေ့တုန်းက ရုံးမှာ PM က ပြောတယ်။ နောက်တချိန်မှာ Programming မှာ code တွေ ရေးတာ လျော့ကျလာပြီးတော့ Drag & Drop လုပ်ပြီး လိုအပ်တာလေးတွေကို library ခေါ်သုံးဖို့ ဖြစ်လာလိမ့်မယ်တဲ့။ အဲ… အဲဒါက ဘာလို့ပြောလဲဆိုတော့ ရုံးမှာက Google Enterprise Partner တစ်ခုဖြစ်တဲ့ Application ကို ရုံးမှာ ပြောင်းသုံးဖို့ပြင်နေတာကို။ ရုံးက Developer တွေက သိပ်ပြီး စိတ်ဝင်စားမှု မရှိဘူးဗျ။ ကျွန်တော်ကတော့ အဆိုးတကာ့အဆိုးဆုံးထဲမှာ ပါတယ်။ လုံးလုံးကို စိတ်မဝင်စားတာ။ ရုံးကလည်း အဲဒီ Company နဲ့ Parterner ဆိုတော့ ရုံးက project အချို့ကို အဲဒီ program နဲ့…
-
အစတုန်းက blog မှာ post တစ်ခုရေးဖို့ရှိတယ်။ ဒါပေမယ့်လည်း iPhone Development Intro က မပြီးသေးတာနဲ့လက်စ သတ်ချင်တာ ရေးချလိုက်တာ ၁ နာရီတောင် ကြာသွားတယ်။ အချောသတ်လိုက်တော့ ည ၁၀ နာရီ ၄၅ ရှိနေပြီ။ ဒါနဲ့ပဲ ရေးမယ်လို့စဉ်းစားထားတဲ့ drag & drop is futrue programming ? I say “NO” ဆိုတာကို မရေးဖြစ်တော့ဘူး။ အဲဒါထက်စာရင် iPhone Development အကြောင်းလေး ပိုစိတ်ဝင်စားမယ်လို့ထင်ပါတယ်။ http://edu.mysteryzillion.org/iphone-development-intro-2 အဲမှာ ဖတ်လို့ရပါပြီ။
-
iPhone application တစ်ခု ရေးသားဖို့ရာ နည်းလမ်း ၂ ခု ရှိပါတယ်။ HTML5 Web Application နဲ့ iPhone Application တို့ပါပဲ။ HTML5 Web application ဆိုတာက သမာရိုးကျ website ကို iPhone Safari နဲ့ အဆင်ပြေအောင် ပြောင်းလဲရေးသားရတာပါ။ HTML5 ဖြစ်တဲ့အတွက်ကြောင့် Video တွေ Sound တွေ ထည့်သွင်းလာနိုင်ပါတယ်။ အဲဒီလိုမျိုး HTML5 တွေကို စမ်းသပ်ချင်တယ်ဆိုရင်တော့ http://www.apple.com/html5 မှာ လေ့လာနိုင်ပါတယ်။ ပုံမှန် Web Development နဲ့ အတူတူပါပဲ။ ဘာမှ ကွာခြားမှုမရှိပါဘူး။ ထူးခြားတာကတော့ safari webkit css တွေ ခေါ်ယူသုံးစွဲလို့ရတာပါပဲ။ more…
-
Ornagai iPhone app ကို apple app store မှာ ဝယ်လို့ရပါပြီ။ English To Myanmar Dictionary ဖြစ်ပြီး မြန်မာစာ အတွက် jailbreak လုပ်ဖို့မလိုပါ။ နောက်ပြီး ၁ လ ၁ ကြိမ် data update များ လုပ်သွားမှာ ဖြစ်ပြီး feature အသစ်များ ထပ်ဖြည့်သွားမှာပါ။ Lite version ကို free ပေးဖို့အတွက်လည်း ကြိုးစားနေပါတယ်။ မကြာခင်မှာ free ရတဲ့ Lite version ပါ app store မှာ တင်နိုင်အောင် ကြိုးစားနေပါတယ်။ Ornagai Project မှာ $1 ပါဝင် ကူညီတဲ့အနေနဲ့ iPhone…
-
Options > Under the Hood tab >Change font and language settings > Languages tab > Uncheck the “Check spelling” checkbox. ဒါဆိုရင် မြန်မာလို ရိုက်လို့ရသွားပါမယ်။ Thank လင်းဇော်ဝင်း PS: Mac မှာဆိုရင်တော့ http://kfalck.net/2009/12/15/how-to-disable-google-chrome-spell-checking-on-mac-os-x အဲမှာ ဖတ်ကြည့်ပါ။ Spell check disable လုပ်ပုံ လုပ်နည်း ရှိပါတယ်။ Chrome နဲ့ Chromium မတူတာကို သတိထားပါ။
-
MVC ဆိုတာကတော့ Model View Controller ဆိုတာ သိပြီးသားပြီးသားပါ။ ဒါပေမယ့် MVC ကို programming နဲ့ ရောထွေးနေကြတယ်။ MVC ဆိုတာ pattern တစ်ခုပါ။ Software Engineering မှာ အသုံးပြုတဲ့ architectural pattern လို့ဆိုရလိမ့်မယ်။ ဒါကြောင့် သူ့ကို Language တစ်ခုနဲ့ တစ်ခု အသုံးပြုပုံမတူဘူး။ နောက်ပြီး framework တစ်ခုနဲ့ တစ်ခု အသုံးပြုပုံမတူဘူး။ ဒါပေမယ့် သဘောတရားနဲ့ အနှစ်သာရကတော့ အတူတူပဲ။ CodeIgniter ရေးတတ်တာနဲ့ MVC ဆိုတာ ဒီလို ရေးရပါလားလို့ ထင်ရင်တော့ မဟုတ်ပါ။ CodeIgniter မှာ MVC ကို ရေးပုံနဲ့ Symfony မှာ ရေးပုံက…
