Knowledgebase

  • ဒီနေ့ iPodTouch မှာ Game ကစားရင်းနဲ့ သတိရမိသွားတယ်။ ဟိုနေ့က လင်းဇော်ဝင်းတို့နဲ့ ပထမဦး ဆုံး Game က ဘာ game လဲဆိုတာကို သွားသတိရမိတယ်။ ကျွန်တော် ပထမဦးဆုံး ကစားခဲ့တဲ့ Game ကတော့ Family Game က Mario ပဲ။ အသက်ဘယ်အရွယ်မှန်းတောင် မသိတော့ဘူး။ တော်တော်လေးတော့ ကြာပြီဆိုတာ သေချာတယ်။ အဲတုန်းက SNES လည်းမပေါ်သေးဘူး။ Game Boy လည်း မပေါ်သေးဘူးထင်တယ်။ Family မှာတုန်းကဆော့တာ Mario ပဲ။ ပြီးတော့ SNES ဝယ်ပေးတော့ Mario ပဲဆော့တယ်။ နောက်ပြီး Game Boy လေး ထပ်ရလာတော့ Mario ပဲဆော့တယ်။ သေချာတာကတော့…

  • Facebook connect ကိုတော့ လူတိုင်း သိကြမှာပါ။ facebook connect က ကိုယ့် site ကို user တွေ register လုပ်စရာမလိုပဲ user information ရနိုင်တဲ့ နည်းပါ။ register လုပ်တယ်ဆိုတာကလည်း user information နဲ့ password အတွက် register လုပ်ရတာပဲ။ လူတော်တော်များများက register လုပ်ဖို့ ပျင်းကြပါတယ်။ ကျွန်တော် အပါအဝင်ပေါ့။ အဲလို အခါတွေမှာ facebook connect လေးနဲ့ site ကို login ဝင်လို့ရရင် အရမ်းကို အဆင်ပြေပါတယ်။ ထပ်ပြီး register လုပ်စရာ မလိုပဲ site ကို အသုံးပြုလို့ရတယ်။ အခုအချိန်မှာ site တော်တော်များများက…

  • Download CI Mode http://www.codingmonkeys.de/subethaedit/modes/Codeigniter.mode.zip Unzip and you will get Codeigniter.mode folder Copy Codeigniter.mode to your_user_name/Library/Library/Application Support/Coda/Modes You will see CodeIgniter in Coda -> Text -> Syntax Mode That support autocomplete.

  • ပေါင်ချိန်ကို မနည်း wiki မှာ ရှာလိုက်ရတယ်..http://en.wikipedia.org/wiki/Bao_Zheng ပေါင်ချိန် တကယ်ရှိမရှိ ခဏခဏမေးခံထိလို့… ငယ်ငယ်တုန်းက ငါနဲ့လည်း ဘာမှမဆိုင်ပဲ လာလာမေးကြလို့ .. အဲတုန်းကတော့ တကယ်ရှိတယ်ဆိုပြီး ရွှီးလိုက်တာ မှန်သွားပြီ… :D

  • လွယ်ချက်ကတော့ ကမ်းကုန်ပဲ။ http://www.imified.com/ ကို register လုပ်။ bot create လုပ်။ ပြီးရင် PHP code တစ်ခုရေး။ <?php echo $_REQUEST[‘msg’]; ?> အဲဒါဆိုရင် user ကရိုက်လိုက်တဲ့ဟာကို ရမယ်။ အဲဒါကို တနေရာမှာ host ထိုင်။ bot ရဲ့ address ကို အဲဒါပေးလိုက်။ ပြီးရင် gmail username နဲ့ password ထည့်။ active လုပ်။ ပြီးပြီ။ စိတ်ပျက်ဖို့ကောင်းလောက်အောင် လွယ်တာ။ External Link : http://www.labnol.org/internet/tutorial-create-bot-for-gtalk-yahoo-messenger/4354/

  • ကျွန်တော် MZ နှစ်ပတ်လည် တုန်းကလည်း ပြောခဲ့ဘူးပါတယ်။ လက်ရှိ အခြေအနေက brain drain ဖြစ်တာလား။ brain gain ဖြစ်နေတာလားဆိုတာကိုပေါ့။ သမာရိုးကျ တွေးတဲ့ လူတော်တော်များများက မြန်မာနိုင်ငံမှာ ပညာရှင်တွေ နိုင်ငံခြားထွက်တာကို တိုင်းပြည်နစ်နာတယ်လို့ ထင်ကြတယ်။ သမာရိုးက တွေးခေါ်တဲ့သူတွေရဲ့ အတွေးက ဘယ်လိုလဲဆိုရင် ပညာရှင်တွေ ပြန်လာမယ်ဆိုရင် တိုင်းပြည်ကြီး ချက်ခြင်းတိုးတက်သွားမယ်ပေါ့။ ချက်ခြင်းကြီး အောင်မြင်လာနိုင်တယ်ပေါ့။ ပညာရှင်တွေ နိုင်ငံခြားမှာ အလုပ်လုပ်တာ brain drain ဖြစ်တယ်ဆိုတဲ့ အိုမင်းနေပြီး ကျွန်တော့် အဖွားတောင် မတွေးတဲ့ အတွေးခေါ်ပဲ။

  • Google Apps ကို ဟိုနေ့ က tanning တက်လိုက်မှ ပဲ သိသွားတော့တယ်။ မဆိုးဘူး တော်တော်လေးကို ကောင်းတယ်။ connection ကောင်းတဲ့ နိုင်ငံတွေ အတွက်ပေါ့။ standard နဲ့ Premier Edition ဘာတွေ ကွာလဲဆိုတော့ Google Group Premier Edition မှသာ google group ကို ကိုယ်ပိုင် domain နဲ့ သုံးလို့ရတယ်။ ရုံးအတွင်း ဆွေးနွေးဖို့ group အတွက်ပေါ့။ @yourdomain.com တွေပဲ ဆွေးနွေးလို့ရအောင်ပေါ့။ ရုံးအတွင်း အတွက် အရမ်းကောင်းတဲ့ idea ပဲ။ forum တွေ intranet တွေ သီးသန့်ဖန်တီးဖို့ မလိုတော့ဘူးပေါ့။ Google Video Premier…

  • အခု လူငယ်တွေ ခဏ ခဏ မေးနေကြတာတွေ့ရတယ်။ ဘာလုပ်ရင် ကောင်းမလဲ။ ဘယ် programming ကို လိုက်သင့်လဲ။ web ပိုင်း နဲ့ application ပိုင်း ဘာပိုကောင်းလဲ။ အဲဒီလို မေးရင် ဖြေရတာ တကယ်ကျပ်တယ်။ တကယ်တန်းတော့ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်တာ အကောင်းဆုံးပဲဗျ။ အဲဒီ မေးခွန်းကို ကိုယ့်စီနီယာ တွေကို မေးနေတာထက် ကိုယ့်ကိုယ်ကို အရင်မေးကြည့်သင့်တယ်။ ငါ ဘာလုပ်ရင်ကောင်းမလဲ။ ငါဘယ်လိုင်း လိုက်ရင်ကောင်းမလဲ။ ကျွန်တော့်ကို မေးရင်တော့ အဖြေကရှင်းတယ်။ ကိုယ်ကြိုက်တာ ကိုယ်လုပ်ပဲ။