Knowledgebase
-
Firebug အတွက် add-on လေးပါ။ မဆိုးဘူး။ ကိုယ့် code ထဲမှာ မြန်အောင် ဘယ်အပိုင်းတွေလုပ်ဖို့လိုလဲဆိုတာကို analyst လုပ်ပေးတယ်။ firefox မှာ အရင်ဆုံး firebug သွင်းထားဖို့တော့ လိုတယ်။ ကျွန်တော့် code တွေမှာ cache မပါတာကို အခုမှ သတိထားမိတယ်။ :) နောက်ပိုင်း cache တွေထည့်ပြီး ရေးမှဖြစ်မယ်။ http://code.google.com/speed/page-speed/docs/using.html
-
Vimeo နဲ့က တင်ပြီးပြီ။ ဒါပေမယ့် convert လုပ်တာက အရမ်းကြာပြီး approve ဖြစ်အောင် စောင့်ရအုံးမှာဆိုတော့ upload တင်ရတာလည်း convert လည်း မြန်တဲ့ youtube နဲ့ပဲ တင်ပေးလိုက်တယ်။ တကြိမ် address add ထည့်ပြီးရင် နောက်တစ်ကြိမ် ပြန်ပြီး add လုပ်စရာမလိုတော့ပါဘူး။ အဲဒါလေး ပြောဖို့ ကျန်ခဲ့လို့။
-
အရင်တုန်းကတော့ PHP Framework အကြောင်းပြောခဲ့ဘူးတယ်။ MVC အကြောင်းလည်း ပြောခဲ့ဘူးတယ်။ အခု ကျွန်တော်တို့တွေ framework ကိုပြောင်းသုံးတော့မယ်။ ဘာပိုကောင်းတာတွေလဲဆိုတာကို သိပြီ။ ကျွန်တော်တို့framework ကိုပြောင်းသုံးသင့်မသင့် စဉ်းစားရအောင်။ ဘယ်သူတွေပြောင်းသင့်လဲ။ ပြောင်းသင့်တာကတော့ Professional PHP Web Developer တွေပဲဗျ။ ဟင် professional web developer တွေပဲလား။ basic သမားတွေက ဘာလို့ ပြောင်းလို့မရမှာလဲ။ အဲလို မေးလာရင်တော့ ပြောင်းချင်ရင် ရပါတယ်ဗျာ။ အဲလိုပြောင်းလိုက်တဲ့အခါမှာ အခြေခံပိုင်နိုင်ခြင်း မရှိသေးပဲ Framework ကိုပြောင်းလိုက်တဲ့အတွက် နောက်ပိုင်း framework ကို သဘောကျပြီး ဆက်သုံးဖြစ်လိမ့်မယ်။ အဲဒီအခါ PHP ရဲ့ code အချို့ကို မေ့ကုန်လိမ့်မယ်။ နောက်ထပ် framework ကို…
-
ကိုသက်ထွေးက www.books-hive.com ကိုရေးထားတဲ့သူပါ။ facebook မှာ သူနဲ့ opensoure scripts တွေနဲ့ paid scripts တွေအကြောင်ဆွေးနွေးဖြစ်ခဲ့တာလေးတွေကို မြန်မာပြန်ပြီး ဖော်ပြလိုက်ပါတယ်။ Saturngod: တစ်ခါတစ်လေ ကျွန်တော် စဉ်းစားမိတယ်ဗျ။ ကျွန်တော် help desk မှာ ပိုက်ဆံမရပဲ အလုပ်လုပ်နေရသလိုပဲ။ ကျွန်တော် free ပေးတဲ့ prdouct တွေကို သူတို့တွေအတွက် မလုံလောက်သေးပဲ help desk ပါလိုချင်ကြတယ်ဗျ။ အဲဒါကို လုပ်ရတာ အရမ်းစိတ်ညစ်တယ်။ ကျွန်တော် helpdesk မှာ အလုပ်လုပ်နေတာမဟုတ်သလို ကျွန်တော် အခမဲ့မျှဝေနေတာပါ။ အချို့ဟာလေးတွေက သူတို့ သေချာဖတ်ရင် နားလည်မှာပါ။ ဒါမှမဟုတ် google မှာ ရှာလိုက်ရင်လည်း ရနိုင်ပါတယ်။ အများစုကတော့ ပထအကြိမ်မရရင် လက်လျှော့ပြီး…
-
အောက်ပါ ဆောင်ရွက်ချက်များသည် သင့် iPhone/ iPod Touch တို့အား အဆင်မပြေပါက itune ကနေ restore ပြန်လုပ်ကောင်းလုပ်ရပါလိမ့်မည်။ ထို့ကြောင့် backup လုပ်ထားရန်လိုအပ်ပါသည်။ System ပိုင်းဆိုင်ရာများကို ပြင်ထားတာကြောင့် ဖြစ်ေပါ်လာသော တစ်စုံတစ်ခု ပြဿနာများကို လုံးဝ တာဝန်ယူမည်မဟုတ်ပါ။ For iOS 3.1.2 လိုအပ်ချက် OS : 3.0 >= (3.1.2 recommend) Type : Jailbreak Installer : Cydia Internet : Require
-
ကဲ… ကျွန်သေးသေးလေးကို သွားဖို့ အသင့်ဖြစ်ပြီ။ ကိုယ့်ကိုယ်လည်း ယုံကြည်တယ်။ ကိုယ့်ရဲ့ အတွေ့အကြုံ experience ကလည်း ၂ နှစ်လောက်ရှိတယ်။ recommendation တွေလည်း အပြည့်အစုံရှိတယ်။ reference တွေကလည်း ကောင်းပါ့။ တတ်တာတွေကလည်း နောက်ဆုံးပေါ် နည်းပညာတွေကြီးပဲ။ ဒါဆိုရင်တော့ စလုံးထွက်တာ မမှားဘူးပေါ့။
-
ကျွန်းသေးသေးလေးမှာ အလုပ်လုပ်တော့မယ်လို့ တကယ်ဆုံးဖြတ်ပြီးပြီလား။ တကယ်ကော ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိလား။ ကိုယ့်ရဲ့ အရည်အချင်း အတွေ့အကြုံတွေကို တခြားသူတွေ reference မပါခင် ကိုယ့်ဘာသာကိုယ် အပြည့်အဝ အာမခံနိုင်လား။ မြန်မာနိုင်ငံမှာ မနေချင်လို့ နိုင်ငံခြားထွက်မယ်ဆိုတဲ့ အူကြောင်ကြောင် အတွေးအခေါ်တွေကို ခဏလောက်မေ့ပြီး ဒီနိုင်ငံမှာ ဘာတွေလုပ်နေလဲ။ သူ့တို့ business flow က ဘာလဲ။ အဓိက ဘာ tool တွေ ကို အသုံးပြုလဲ။ ကိုယ်နဲ့ ကိုက်တာတွေ ရှိလားဆိုတာကိုကော လေ့လာပြီးပြီလား။
