Building API You Won’t Hate

ဒီစာအုပ်ကို မဖတ်ခင်တုန်းက အတော့်ကို မျှော်လင့်ထားပါတယ်။ သို့ပေမယ့် တစ်အုပ်လုံး ဖတ်ပြီးသွားသည့် အချိန်မှာတော့ သိပ်ပြီးတော့ အချက်အလက် တွေ မပါပေမယ့် အခုမှ စပြီးတော့ REST API ဆိုတာ ဘာလဲ REST API ဘယ်လို တည်ဆောက် သင့်သလဲ ဆိုတာကို လေ့လာ နေသည့် သူတွေ အတွက် အသုံးဝင်မယ့် စာအုပ်ပါ။ Build API You Won’t Hate ဆိုတဲ့ ခေါင်းစဉ်ထက် How RESTFUL API should be ဆိုရင် စာအုပ်ထဲက စာနဲ့ ခေါင်းစဉ်နဲ့ ကိုက်ပါလိမ့်မယ်။ စာအုပ်ထဲမှာ စိတ်ဝင်စားဖို့ ကောင်းတာက Authentication , Pagination and API…More

ExpressJS

ပြီးခဲ့တဲ့ ရုံးပိတ်ရက်က ExpressJS ကို အသုံးပြုပြီး project လေး တစ်ခုလုပ်ဖြစ်သွားတယ်။ ExpressJS ဆိုတာကတော့ Node.js အတွက် web framework တစ်ခုပါ။ ExpressJS က Sinatra ကို အခြေခံထားပြီး connect middleware ကို အသုံးပြုထားပါတယ်။ ပုံမှန် Node.js နဲ့ ရေးရင် ရပေမယ့် Restful API နဲ့ အဆင်မပြေပါဘူး။ တော်တော် အချိန်ပေးရပါတယ်။ ExpressJS ကို သုံးလိုက်တာ တော်တော်လေးကို လွယ်သွားတယ်။ Mobile အတွက် Admin Panel တစ်ခုဖန်တီးရာမှာလည်း Jade Template နဲ့ ရေးရတော့ ပုံမှန် သမာရိုးကျ HTML ရေးရတာထက်တော့ မြန်ပါတယ်။More

Making Rest API – Part 2

Part 1 ကို အရင် ဖတ်ရန် Ava framework ကို ဒီမှာ download ချလိုက်ပါ။ ရလာတဲ့ zip file ကို localhost အောက်မှာ testRest ဆိုပြီး ပေးထားပါတယ်။ zip file ထဲက file တွေအားလုံးကို testRest အောက်ကို ပို့လိုက်ပါတယ်။ ပြီးရင် http://localhost/testRest ဆိုပြီး ခေါ်ကြည့်ရင် အောက်ကလို မြင်ရပါမယ်။ ကဲ .. ကျွန်တော်တို့တွေ စရေးလို့ရပါပြီ။ /system/application/controller အောက်က file တွေကို ဖျက်လိုက်ပါ။ /system/application/model အောက်က file နှင့် /system/application/view အောက်က file တွေပါ အပါအဝင်ပေါ့။ ပြီးရင် /system/config/development.php မှာ…More

Some Google API has been officially deprecated

ကြာသာပတေးနေ့က ရုံးအလုပ် ကိစ္စကြောင့် Google API ကို သုံးမလား ဆိုပြီး အစည်းအဝေး လုပ်ရင်း တစ်ခါတည်း သုံးလို့ရမရ စစ်ကြည့်လိုက်တာ မမျှော်လင့်ပဲ အချို့ API တွေကို Google က မပေးတော့ဘူးဆိုပြီး သိလိုက်ရတယ်။ ဘယ် API တွေ မရတော့တာလဲဆိုတော့ Shutdown ရက် အတိ အကျမပြောသေးတဲ့ API များကတော့ Code Search API Diacritize API Feedburner APIs Finance API Power Meter API Sidewiki API Wave APIMore

API ကို ဘယ်မှာလေ့လာရမလဲ

Application programming interface (API) ဆိုတာ ဘာကြီးတုန်း။ အခုခေတ်က API တွေ သုံးတတ်ရမယ်ဆို။ API ကို ဘယ်မှာ လေ့လာရမှာလဲ။ အဲလိုမေးခွန်းတွေမှာ API ကို ဘယ်မှာ လေ့လာရမလဲဆိုတဲ့ မေးခွန်းကို ဘာပြန်ပြောရမှန်းမသိဘူး ဖြစ်လောက်အောင်ပဲ။ API ကို ဘယ်မှာ လေ့လာရမလဲဆိုတဲ့ မေးခွန်းမေးတဲ့ သူဟာ API ဆိုတာ အခုမှ ကြားဖူးနားဝ ရှိဘူးပြီးတဲ့ ပုံပေါ်ပါတယ်။ ဘာပဲ ပြောပြော လေ့လာချင်စိတ် ရှိတဲ့အတွက်တော့ သိလာနိုင်ပါတယ်။More

subscriber count , follower count with PHP

subscriber count ကို feed burner ကနေ ယူချင်တာနဲ့ API လေး စမ်းဖြစ်သွားတယ်။ feed burner api မလုပ်ခင် api ကို allow လုပ်ပေးဖို့လိုတယ်။ login your feedburner and go to your feed. Go to Publicize tag Go to Awareness Api and active it.More

Play in the playground

Play in the playground ဆိုလို့ သူငယ်ပြန်သွားတယ်လို့ ထင်ကုန်ကြအုံးမယ်။ မနေ့ညက oAuth ကို ဘယ်လိုလုပ်ရမလဲ မသိလို့ရှာရင်း ရှာရှင်းကနေ playground ထဲကို ရောက်သွားတာပဲ။ webdeveloper forum က playground ထဲမှာ ရှိတယ်ဆိုလို့ playground ထဲ အပြေးသွားကြည့်ရတာပဲ။ playground ထဲရောက်မှ woww… ဆိုပြီး သဘောကျစရာတွေ အပြည့်ပဲဗျ။ ဆော့စရာတွေက များမှ များ။ ခက်တာက ကိုယ်လိုအပ်နေတာပဲ အရင်ဆော့ရတာပေါ့။More

မသိခြင်းများ

အခုမှ သိလိုက်တယ်။ ကျွန်တော် မသိပဲ ပြောင်းလဲသွားတာ အများကြီး ဖြစ်သွားတာပဲ။ ကျွန်တော့်အနေနဲ့ အများကြီး နောက်ကျနေမှန်း အခုတလောမှ သိလိုက်ရတာတွေ ရှိတယ်။ အဓိကတော့ ပြောင်းလဲမှုတွေကို မျက်ခြေမပြတ်မလိုက်နိုင်လိုက်တာလဲပါတာပေါ့။ ကျွန်တော် မသိပဲ ဖြစ်သွားတာတွေကMore