စိတ်အချဉ်ပေါက်မှုများ
-
အရင်တုန်းက စာအုပ်တွေဟာ အချက်အလက် ရယူရာမှာ အရေးကြီးသည့် နေရာတစ်ခု ဖြစ်ခဲ့တယ်။ စာများများ ဖတ်ထားသည့် သူက အချက်အလက် များများ သိတယ်။ ဒါပေမယ့် စာထဲမှာ ပါတာတွေ အကုန်လုံးကလည်း မှန်နေတာ မဟုတ်ဘူး။ ဥပမာ research အထောက်အထား မရှိဘဲ ဘယ်အစားအစာနဲ့ ဘယ်အစားအစာ တွဲမစားသင့်ဘူး ဆိုတာမျိုးတွေ၊ ခြင်္သေ့က ဘယ်သားကောင်ကိုပဲ လိုက်လိုက် အားအတူတူ ထုတ်တယ် ဆိုသည့် မမှန်ကန်သည့် အချက်အလက်တွေ အများကြီး ရှိတယ်။ ကိုယ်ဖတ်ထားသည့် စာအုပ်တွေ အကုန်လုံးက မှန်ကန်သည့် အချက်အလက်တွေပဲ ဖြစ်နေမှာ မဟုတ်ဘူး။ သို့ပေမယ့်လည်း သုတစာပေ ရေးသားသည့် စာရေးဆရာတွေက လူတွေရဲ့ အသိအမြင်ပေါ်မှာ သြဇာတစ်ခု ရှိလာတယ်။ နောက်ပိုင်း သတင်းစာတွေဟာ သတင်းအချက်အလက်…
-
အခု တလော AI ခေတ်မှာ opensource ပြဿနာ တွေကို ဖတ်ရင်း license ကိစ္စတွေ ရောက်သွားတယ်။ တကယ်တန်းတော့ Enterprise တွေ Opensource တွေ ပေါ် မတရား ဗိုလ်ကျ တာတွေ အများကြီးပဲ။ ဥပမာ Redis ပေါ့။ Amazon က ElastiCache ဆိုပြီး Redis နဲ့ ထုတ်တယ်။ Redis ကတော့ ပိုက်ဆံ မရဘူးပေါ့။ Amazon ပဲ server တွေ ရောင်းကောင်းပြီး ပိုက်ဆံ တွေရတာ။ နောက်ပြီး Redis က မြင်တာက Amazon contribute လုပ်တာ မလုံလောက်ဘူး လို့ မြင်တယ်။ Amazon ဘက်က code…
-
အမြဲတမ်း ရှိနေသည့် ပြဿနာ က AI က developer တွေကို အစားထိုး သွားမယ်။ အနာဂတ် မှာ Developer တွေ မလိုတော့ဘူး Anthropic CEO က ပြောတာ လူတိုင်း သိမှာပါ။ ဒါပေမယ့် ဒါက အနာဂတ်ပါ။ အခု အချိန် မဟုတ်သေးဘူး။ လက်ရှိ model တွေ ကောင်းလာတယ်။ အဆင်ပြေလာတယ်။ ဒါပေမယ့် အခု အချိန် မှာ tool တစ်ခု ထက် မပိုဘူး။ ဥပမာ ဆေးရုံ website တစ်ခု ဖန်တီးတယ်။ AI က အစ အဆုံး ဆောက်ပေးတယ်။ Developer ကတော့ ဘယ်နေရာမှာ ဘယ်ပုံ သုံးမယ်။…
-
အလုပ်ရှာတုန်းက အင်တာဗျူး တော်တော်များများ ဖြေခဲ့ရတယ်။ US ကို မရောက်ခင်တုန်းကလည်း Thai, Singapore company တွေမှာ အင်တာဗျူးတွေ ဖြေခဲ့ရတယ်။ အဲဒီတော့ အင်တာဗျူး ရတာ မလွယ်မှန်း သိသလို အင်တာဗျူး ဖြေရတာ မလွယ်မှန်းလည်း သိတယ်။ ဘယ်နိုင်ငံမှာပဲ အင်တာဗျူး ဖြေဖြေ ကိုယ့်ထက် အသက်ငယ်သည့် developer နဲ့ တွေ့တိုင်း ပြဿနာ ဖြစ်တာပဲ။ ဒီလောက်လေး တောင် မသိဘူးလား ဆိုပြီး ပုံစံ တွေ နဲ့ ပြန်ပြန် ပြောတာ ခံရတာပဲ။ လူတိုင်းက အားသာချက် အားနည်းချက်ရှိကြတယ်။ interviewer က senior developer , team lead စတာတွေ နဲ့ ဆိုရင်…
-
ငယ်ငယ်တုန်းက စလုံးကို အလုပ်သွားလုပ်တုန်းက အခုလို အလုပ်ရှာရတာ ခက်ခက် ခဲခဲ မရှိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ coding ရေးသည့် သူ အတော်ကို နည်းတယ်။ နောက်ပြီး စ လုံး က လူတွေက programmer မလုပ်ကြပဲ programmer အထက်က manager ပဲ လုပ်ချင်ကြတာ များတယ်။ ဒါကြောင့် မြန်မာတွေ တော်တော်များများ အလုပ်ရကြတယ်။ iOS စပြီး popular ဖြစ်ကာစ မှာ iOS Developer အရေအတွက် နည်းတော့ Objective-C သိပြီး app ၂ ခု လောက် app store ပေါ်မှာ ရှိရင် iOS Developer အလုပ်ရ နိုင်တယ်။ ခက်ခက်ခဲခဲ…
-
Developer တစ်ယောက် နောက်ပြီး CPT နဲ့ အလုပ်ရှာတာ က တော်တော်လေး ခက်သည့် အထဲမှာ ပါတယ်။ Lay off တွေက နည်းပညာ သမား တော်တော်များများ ထိ ကြတော့ သူတို့ နဲ့ ပြိုင်ပြီး အလုပ်ရှာသည့် အခါမှာ ကိုယ့်မှာ US အတွေ့အကြုံမရှိသေးတာ ရယ် နောက်ပြီးတော့ Green Card / Citizen မဟုတ်တာ ကြောင့် ရွေးချယ်လို့ ရတာ အရမ်းနည်းတယ်။ တိုက်ရိုက် ခေါ်တာတွေ ရှိပေမယ့် လူတိုင်း တိုက်ရိုက် ခေါ်သည့် company ဆီက ရဖို့ အခွင့်အလမ်းက အတော်နည်းပါတယ်။ အများအားဖြင့် Staffing Company တွေကနေ ပဲ interview…
-
ဘဝမှာ အသက် ၃၅ နှစ်ရောက်တော့ တော်တော်များများ လုပ်ခဲ့ပြီးပြီပဲ။ အခုတလော အလုပ်တွေများပြီး မအားတာနဲ့ လုပ်သည့် အလုပ်တွေ က ပိုက်ဆံရသည့် အလုပ်တွေ မဟုတ်တာ။ (ပိုက်ဆံက ကြိုထုတ်ပြီးလို့ မရတော့တာ) စိတ်တွေညစ်နေပေမယ့် ဒီတစ်သက်လုံး လုပ်ခဲ့သမျှထဲမှာ နောင်တ ရစရာ မရှိသလောက်ပဲ။ ဘဝ တစ်ခုလုံးပြန်စဥ်းစားရင် သူငယ်ချင်းကနေ ၄ တန်း အထိ ကျောင်းအုပ်ဆရာမ ကြီး နဲ့ တူ နဲ့ ကျောင်း အတူတူတက်ခဲ့တုန်းက အာဏာပြခဲ့ရသည့် ဘဝတွေလည်း ကြုံခဲ့ရတယ်။ ဒါပေမယ့် ၅ တန်း မှာ ကျောင်းပြောင်းလိုက်တော့ ဟိုမှာ ကိုယ့်ကိုယ် အာဏာပြန်ပြမယ့် သူတွေ ကြီးနဲ့ ပဲ ကြုံခဲ့ရတော့ အခုအချိန် ပြန်စဥ်းစားမိရင် ရယ်ဖို့ကောင်းသား။…
-
ဒီတစ်လော စာတွေ မရေးနိုင်သလို ပြဿနာတွေ လည်း အတော်များတယ်။ Feb လ က coup က စလိုက်သည့် ပြဿနာက လုပ်ငန်းတွေကို တော်တော်လေးကို ဆိုးဆိုးရွားရွားထိခိုက်ကုန်တယ်။ ကိုယ့်ပိုက်ဆံ နဲ့ လခ ပေးဖို့ မစိုက်နိုင်တော့ အခြေအနေ ထိ ဖြစ်သွားခဲ့တယ်။ အရင်တုန်းက လခ ၃ လ စာ လောက် ကို ချေးငှားပြီး လည်ပတ်လို့ ရပေမယ့် အခု အချိန်မှာ ချေးငှားဖို့လည်း မလွယ် သလို ရှေ့ဆက်ဖို့ကလည်း တော်တော်ခက်ခဲသည့် အခြေအနေပဲ။ Feb လ ကနေ တောက်လျောက် တောင့်ခံ ပြီး လည်ပတ်ဖို့ လုပ်ခဲ့ပေမယ့် Covid ဖြစ်ပြီး အချိန်မှာတော့ လက်လျော့လိုက်တယ်။ လိုအပ်သည့်…
