စိတ်အချဉ်ပေါက်မှုများ
-
ဒီတစ်လော စာတွေ မရေးနိုင်သလို ပြဿနာတွေ လည်း အတော်များတယ်။ Feb လ က coup က စလိုက်သည့် ပြဿနာက လုပ်ငန်းတွေကို တော်တော်လေးကို ဆိုးဆိုးရွားရွားထိခိုက်ကုန်တယ်။ ကိုယ့်ပိုက်ဆံ နဲ့ လခ ပေးဖို့ မစိုက်နိုင်တော့ အခြေအနေ ထိ ဖြစ်သွားခဲ့တယ်။ အရင်တုန်းက လခ ၃ လ စာ လောက် ကို ချေးငှားပြီး လည်ပတ်လို့ ရပေမယ့် အခု အချိန်မှာ ချေးငှားဖို့လည်း မလွယ် သလို ရှေ့ဆက်ဖို့ကလည်း တော်တော်ခက်ခဲသည့် အခြေအနေပဲ။ Feb လ ကနေ တောက်လျောက် တောင့်ခံ ပြီး လည်ပတ်ဖို့ လုပ်ခဲ့ပေမယ့် Covid ဖြစ်ပြီး အချိန်မှာတော့ လက်လျော့လိုက်တယ်။ လိုအပ်သည့်…
-
ဒီနေ့ Idiots က ကို Raymond ဆုံးတယ်။ Facebook တစ်ခု လုံး သူ့ သီချင်းတွေ ကြေကွဲ ရတာတွေ စာသားတွေ ပလူပျံ ခဲ့တယ်။ နောင် ဘဝ ရှေးဘဝ ကို မယုံပေမယ့် လူတွေ ရဲ့ မေတ္တာ ချစ်ခြင်း မေတ္တာ တွေကိုတော့ ကျွန်တော် ယုံကြည်တယ်။ လူတစ်ယောက် ဘဝ တစ်ခု လုံး ဘာတွေ လုပ်ခဲ့လဲ ဆိုတာ သူသေသည့် အချိန်မှာ ဖော်ပြကြတာပဲ။ တချို့လူတွေကတော့ ရှင်နေပေမယ့် လူတွေ ရဲ့ စိတ်ထဲမှာ သေသွားခဲ့ပြီ။ တချို့ လူတွေကတော့ လူ သေသွားပေမယ့် သူ့ စာပေတွေ သူ့ သီချင်းတွေ နဲ့ လူတွေ…
-
(Personal post တစ်ခု ဖြစ်ပြီး အမြဲမှတ်မိအောင် blog မှာ ရေးမှတ်ထားခြင်းဖြစ်သည်) ဖေဖော်ဝါရီ ၁ ရက် ၂၀၂၁ မနေ့ မနက် ၆ နာရီ မှာ သူငယ်ချင်း တစ်ယောက်က ဖုန်းဆက်လာလို့ ဟုတ်မှဟုတ်ရဲ့လား ဆိုပြီး facebook ပေါ်တက် သတင်းတွေ ဖတ် ဖြစ်တယ်။ သေချာသွားပြီ ဆိုတာနဲ့ အရင်ဆုံး တွေးမိတာက လခ တွေ အမြန်လွှဲဖို့ပဲ။ နောက်ပြီး ချက်ချင်း ဒီနေ့ ရုံးမလာဖို့ Team မှာ အကြောင်းကြားထားလိုက်တယ်။ ဖုန်းတွေလည်း ပျက် အင်တာနက်လည်းပျက်တောက်သွားတော့ သဘောပေါက်လိုက်တာက ငါတို့ လုပ်ငန်းတွေ အင်တာနက် မရှိရင် code တောင်ရေးမရဘူး ဆိုတာ နားလည်သွားတယ်။ နေ့လည်ဘက်လောက်မှာ အင်တာနက်…
-
2020 ကို ပြန်ကြည့်လိုက်ရင် ဘာမှ အားရကျေနပ်စရာမရှိပါဘူး။ အိမ်မှာ နေတာနဲ့ အချိန်ကုန်သွားတယ်။ SE 2020 ပွဲမှာ ကူပေးခဲ့တာတော့ သဘောကျပါတယ်။ ၂၀၂၀ မှာ လုပ်ဖြစ်ခဲ့တာက Database basic စာအုပ်ရေးဖြစ်တယ်။ စာအုပ် ၁ အုပ်မှ မဖတ်ဖြစ်ဘူး။ ဒါပေမယ့် ဝယ်ထားသည့် စာအုပ်တွေကတော့ အများကြီးပဲ။ Wonder Woman 1984 ရုပ်ရှင်ကားပဲ ကြည့်ဖြစ်လိုက်တယ်။ Work From Home ဖြစ်သွားလို့ ရုပ်ရှင်ကား ကြည့်ဖို့ သပ်သပ် အချိန်မပေးဖြစ်တာနဲ့ မကြည့်ဖြစ်တော့ဘူး။ ကလေးတွေနဲ့ အချိန် ပိုကုန်ဖြစ်တယ်။ သူတို့ နဲ့ ရှိသည့် အချိန်ဆိုရင် ဖုန်းကို ပိတ်ထားပြီး ဖုန်းလာရင်လည်း မကိုင်ဖြစ်တော့ဘူး။ တနေကုန်လုံး အိမ်မှာရှိနေပေမယ့် ညဘက်…
-
စလုံးကနေ မြန်မာ ငွေ လွှဲမယ် ဆိုရင် POSB/DBS ပဲ သုံးဖြစ်တယ်။ POSB/DBS ကနေ Aya ကို လွှဲတာ မြန်လည်း မြန်သလို စိတ်လည်းချရတယ်။ အခုတလော ငွေဈေးက ကျနတော့ website မှာ သွားသွား စစ်နေရတာ အဆင်မပြေဘူး။ ဘယ်လို အဆင်မပြေတာလဲ ဆိုတော့ website ကို history ကနေ ပြန်ရှာရတယ်။ ပြီးရင် Myanmar ကို ရွေးရတယ်။ နောက်ပြီး 1 ဆိုပြီး SGD ဘက်မှာ ပြန်ရိုက်ထည့်ရတယ်။ တစ်ခါတစ်လေ အဆင်ပြေပေမယ့် အမြဲတန်းကတော့ ပျင်းဖို့ ကောင်းတယ်။ ဒါနဲ့ node.js နဲ့ script ရေးလိုက်တယ်။ nightmare ကို သုံးပြီးတော့…
-
Android Studio မှာ code တွေများလာရင် နှေးနှေးလာတာတော့ ကြာပြီ။ Project အကြီးကြီး တစ်ခုကို ဖွင့်တော့ လုံးဝ ကို နှေးကြသွားတယ်။ ကျွန်တော့် စက်လောက် perofrmance မကောင်းသည့် laptop မှာတောင် အဲဒီ project က အလုပ်လုပ်ပေမယ့် ကျွန်တော့် ဆီမှာ တော်တော်နှေးနေတော့ ဘာဖြစ်လို့ လည်း ဆိုပြီး ရှာကြည့်တော့မှ Fira code ဖြစ်နေတယ်။ Fira Code ဆိုတာက Monospaced font with programming ligatures ပါ။ အောက်ကလို မြင်ရပါလိမ့်မယ်။ != ဆိုရင် =/= ပုံစံလေး နဲ့ ပြပေးပါတယ်။ တနည်းပြောရင် unicode font တွေလို…
-
တော်တော်တိုင်ပတ်သွားတယ်ပဲ ပြောရမယ်။ Apache မှာ Header set Access-Control-Allow-Origin “*” ဆိုပြီးထည့်ထားပေမယ့် Cloudflare က အလုပ်မလုပ်ဘူး။ Clear cache တွေမျိုးစုံလုပ်ပေမယ့်လည်း အလုပ်မလုပ်ဘူး။ တချို့ font တွေ က အလုပ်လုပ်ပေမယ့် တော်တော်များများ အလုပ်မလုပ်တော့ ဘူး ဖြစ်သွားတယ်။ နောက်ဆုံး မရသည့် အဆုံးမှာ Digital Ocean space ပေါ်ကို font တွေ ပြောင်းတင်လိုက်တယ်။ ပြီးတော့ Space CDN နဲ့ font ကို ပြန်ထည့်ပေးလိုက်တော့ အရင်ကထက် ပိုပြီး ကောင်းပြီး အဆင်ပြေသွားသေးတယ်။ ရက်တော်တော်ကြာသွားသည့် အတွက်လည်း တောင်းပန်ပါတယ်။ လက်ရှိ mmwebfonts သုံးနေသည့် သူတွေ အများကြီး ရှိပြီး…
-
ဇော်ဂျီဟာ AI က မသိဘူး။ ဇော်ဂျီ နဲ့ ရေးထားရင် AI တွေက နားမလည်ဘူး စတာတွေကို လူတွေ ပြောနေကြတာကို တွေ့မိတယ်။ အဓိက ပြောနေသည် သူတွေ အကုန်လုံးက AI ဆိုတာ ဘာလဲ မသိသည့် သူတွေ ပဲ။ AI ဆိုရင် Terminator ကားထဲကလို စက်ရုပ်တွေ လို့ပဲ ထင်နေသည့် သူတွေက အများသားပဲ။ နောက်ပြီး တချို့ပညာရှင်တွေက AI သုံးလာမှာ ကို ကြောက်ကြတယ်ဆိုတာက Terminator ထဲကလို ဖြစ်လာမှာ ကြောက်တာထက် ပေါက်ကရ data ဝင်သွားရင် ပေါက်ကရတွေ ဖြစ်ကုန်မှာ။ အကောင်းဆုံး ဥပမာ အနေနဲ့ Microsoft ရဲ့ AI twitter…
