Knowledgebase

  • တကယ်ကောင်းတဲ့ အဖြေလေးပဲ သဘောကျလို့ ကူးထားလိုက်တာ။ Programming is the act of writing, compiling, testing and debugging source code. Software development includes other activities like: Requirements definition Specification writing Project planning Creating an installation package Troubleshooting problems during installation and, and, and… Therefore a programmer is a person who produces code, usually after some sort of specification. This…

  • share point ဆိုတာက Microsoft က ထုတ်ထားတာပါ။ ပုံမှန်အားဖြင့် ရုံးတွေမှာ MS office နဲ့ တစ်ယောက်က ရိုက်ထားလိုက်။ အဲဒါကို နောက်တစ်ယောက်က ပြန်ပြင်လိုက်။ ပြန်ပြင်တဲ့အချိန်မှာလည်း အရင်တစ်ယောက်က ပြင်ပြီး ရိုက်နေ။နောက်ဆုံးတော့ ဘယ်ဟာကို သုံးလို့သုံးရမှန်းမသိ ဖြစ်တတ်ပါတယ်။ အဲလိုမျိုး Excel တွေမှာလည်း ရှုပ်နေတတ်ပါတယ်။ Share Point ကို အသုံးပြုပြီးတော့ တပေါင်းတစည်းထဲ အလုပ်လုပ်နိုင်ပါတယ်။ ဘယ်အချိန်မှာ ဘယ်သူပြင်သွားတယ်။ ဘယ်အချိန်မှာ ဘယ်သူ commit လုပ်လိုက်လဲဆိုတာကို သိနိုင်တယ်။ နောက်ပြီး file တွေကို group , member စတာတွေကို သီးသန့်ခွဲထုတ်ပြီး access ပေးလို့ရပါတယ်။ နောက်ပြီး document တွေအကုန်ပြန်ရှာလို့ရတယ်။ Wiki Page…

  • snippets ဆိုတာက code အတိုအထွာလေးတွေကိုပြောတာပေါ့။ တစ်ခါတစ်လေ code သေးသေးလေးတွေ ကျွန်တော်တို့တွေ တွေ့ထားတာလေးတွေ ရှိတယ်။ ဒါမှမဟုတ် ကိုယ့်ဘာသာကိုယ်ရေးဖြစ်တာလေးတွေ ရှိတတ်တယ်။ ဥပမာ။ jquery 1.4 အသစ်ထွက်တာလေးတွေ code လေးတွေ example လေးတွေနဲ့ ပြထားတယ်။ အဲလိုမျိုးလေးတွေက snippets လေးတွေပေါ့။ code အများကြီး မဟုတ်ဘူး။ သေးသေးလေးလေးတွေ။ Twitter နဲ့ PHP သုံးနည်း code လေးလိုမျိုးတွေပေါ့။ class တစ်ခုလုံးလည်း မဟုတ်သလို စာကြောင်းကလည်း ၁၀ ကြောင်းတောင် မပြည့်တဲ့ code လေးတွေပေါ့။ အဲဒီလိုမျိုး code တွေကို သိမ်းဖို့အတွက် Snippets Management တွေ ရှိလာပါတယ်။ နောက်ပြီး သူများရေးထားတဲ့ snippets လေးတွေ…

  • ရန်ကုန်မှာ အရင်တုန်းက Web Design ပိုင်းသင်တုန်းက PSD နဲ့ပုံတွေ ဆွဲပြီးတော့ HTML ပြန်ထုတ်ခိုင်းတာ မှတ်မိသေးတယ်။ တော်တော်လက်ဝင်တဲ့ အလုပ်ဗျာ။ နောက်ပြီး ပုံက ထွက်လာရင် skill နဲ့ က မကိုက်တာတွေ ဖြစ်လာပြန်ကော။ ဘာဖြစ်လို့ဆွဲခိုင်းတာလဲတော့ မသိ။ ကျွန်တော့်အတွက်တော့ အလကား အပိုအလုပ်ရယ်လို့တောင် မြင်လာသလိုပဲ။ Photoshop နဲ့ဆွဲတော့ HTML မထွက်ခင် design တော့ ကြိုမြင်ပါရဲ့။ ထွက်လာတဲ့ design နဲ့က HTML ထုတ်ရင် scale တွေက ဘယ်တူတော့မလဲလို့တောင် စဉ်းစားမိသေးတယ်။ အခုမှပဲ နားလည်တော့တယ်။ သင်တန်းတုန်းက grid system ကို မသင်ခဲ့ရတာကိုး။ ရုံးမှာ web designer က photoshop…

  • ပြီးခဲ့တဲ့ အပတ်က Amazon EC2 server ကို ကိုင်ရတယ်။ client သုံးမယ်ဆိုလို့ ရုံးက ဝယ်ပေးတဲ့ server ပေါ့။ project တွေအားလုံးက လက်ရှိ Linux Server ပေါ်မှာပဲ run နေတာကြောင့် Amazon Ec2 မှာလည်း Linux တင်ပြီး Web Server လေး တစ်ခုကို ရုံးက ဆောက်ခိုင်းတယ်။ ရုံးမှာက Linux ပိုင်း သိတာ ဆိုလို့ လူက များများစားစား မရှိတာကြောင့် Amazon EC2 ကြီးကို ကိုင်ဖို့တာဝန်က ကိုယ့်ပေါ်ရောက်လာပြီ။ အဲဒီနေ့မတိုင်ခင်ကလည်း VPS တစ်လုံးနဲ့ web server ကော symfony ကော သွင်းလိုက်ရသေးတယ်။ ဒါကြောင့်…

  • ဟိုနေ့က VPS မှာ symfony setup လုပ်ရတယ်။ symfony ကို hosting တစ်ခုကိုပေးပြီး setup လုပ်ခိုင်းတာ ဘယ်လိုမှ မလုပ်တတ်တာနဲ့ နောက်ဆုံး VPS တစ်လုံး ဝယ်လိုက်ရတယ်။ ရုံးမှာကလည်း Linux သမားဆိုလို့ အခုချိန်မှာ ကျွန်တော်ရယ် Boss ရယ်ပဲရှိတော့တယ်။ ကျန်တဲ့သူတွေက Linux မသုံးတတ်။ အကုန် Windows က လာတာကြီးပဲ။ နောက်ပြီး symfony ကို setup မလုပ်တတ်တာနဲ့ ကိုယ်ကပဲ လုပ်ရတာပေါ့။ VPS အတွက် OS ကိုမေးတော့ ထုံးစံအတိုင်း Ubuntu ပဲပေါ့။ အဲမှာ ကျွန်တော်က ကြောင်တောင်တောင်နဲ့ သွားမေးတာရှိသေးတယ်။ NS1 နဲ့ NS2 သွားတောင်းတာလေ။ ဟိုဘက်…

  • ဒီနေ့တော့ ရေးတာ ပြီးသွားပါပြီ။ အရင်တုန်းက ရေးထားတဲ့ library လေး ကောက်ထည့်ပြီးရင် ကျွန်တော် အရင်ကရေးထားတဲ့ framework က MVC ဖြစ်သွားပြီ။ MVC ရေးရတာ မခက်ပါဘူး။ OOP နားလည်ရင်ရပါပြီ။ ကျွန်တော် သုံးထားတဲ့ File Structure လေး ကြည့်ကြည့်ပါ။

  • ဒီနေ့ emo လေး နဲ့ facebook မှာ စကားပြောတော့ Concept ကို ဘယ်မှာ သွားသင်ရမလဲလို့ မေးတယ်။ သူ ဝါသနာပါတာက Designer။ PHP လေ့လာဖို့လိုလားလို့ မေးတော့ ကျွန်တော်ကလည်း ပြောပါတယ်။ သိရုံလောက်ပဲ လုံလောက်တယ်။ တေဇာ အဖြေက ပိုရှင်းတယ်။ SmashingMag မှာ Programming Language အကြောင်းပါလားလို့ မေးလိုက်တော့ အဖြေက ရှင်းသွားတာပဲ။