Knowledgebase

  • တော်တော်ကောင်းတဲ့ ပွဲပဲ။ လူကတော့ အများကြီးတော့ မလာဘူး။ iPhone နဲက Google Android အကြောင်းတော့ ကောင်းကောင်းလေး သိလိုက်ရတယ်။ နောက်ပြီး opengap ဆိုတာလေးပါ အဆစ်သိလိုက်ရတာ တန်သွားတယ်။ လုပ်တဲ့နေရာကတော့ Singapore Microsoft Office မှာပါ။ NTUC 22 ထပ်မှာ လုပ်တာပါ။ ရယ်တော့ရယ်ရတယ်နော်။ iPhone နဲ့ Google Android ပြိုင်တာ Microsoft Office ရုံးမှာဆိုတော့။ Microsoft ကလည်း သူတို့ product အသစ်တစ်ခုကို မိတ်ဆက်သွားပါတယ်။ Website Spark အကြောင်းပြောသွားတယ်။ ကျွန်တော်နဲ့ MS က မသက်ဆိုင်တော့ သလိုဖြစ်တော့ ကျွန်တော်လည်း သူ့ site ကိုသွားပြီး မစမ်းရသေးဘူး။ company…

  • တကယ်တန်းအလုပ်ဖြစ်တာ hardware ဈေးကွက်။ ဒါပေမယ့် အလုပ်ဖြစ်ဖို့ data စုဆောင်းရတာက web , opensource , GNU တွေ ဖြစ်ကုန်တယ်။ တနည်းပြောရင် opensource က data collect လုပ်ဖို့ opensource ဖြစ်လာပြီး ရလာတဲ့ data တွေကို opensource company တွေက hardware ဈေးကွက်ကိုပြောင်းလဲလိုက်တယ်။ data တွေက opensource ပါ။ သင့်ဘာသာ သင်လုပ်နိုင်ရင် သင့်ဘာသာ သင် hardware ထုတ်ပေါ့။

  • Web design ပိုင်းတွေကို ပြောင်းလဲသင့်နေပြီလို့ ထင်တယ်။ အချိန်လည်း ကျလာပြီ။ ကျွန်တောှတို့ တချိန်တစ်ခါတုန်းက flash တစ်ခုကို အားကိုးပြီး လန်းဆန်းတဲ့ design တွေကို ဖန်တီးလာတယ်။ နောက်ပြီး ajax ပေါှလာပေမယ့် flash လိုတော့ လှပတာတော့ မဟုတ်ဘူး။ Flash က ကောင်းလေလေ size က ကြီးလေလေ ဖြစ်တယ်။ နောက်ပြီး loading time အတွက် အချိန်ပေးရတယ်။ ဒါကြောင့်နောက်ပိုင်းမှာ Jquery လိုမျိုး javascript library တွေက နာမည် ရလာကြတယ်။

  • Developer သည် Developer သာဖြစ်သည်။ Web Designer သည် Designer သာဖြစ်သည်။ ထိုနှစ်ခုပူးပေါင်းလိုက်သောအခါ website ဟူပြီး ဖြစ်လာသည်။ ထို့ကြောင့် Developer သည် design idea ရှိမည်မဟုတ်သလို design ပိုင်းကို နားလည်သည်မဟုတ်။ သိရုံသာသိသည်။ သူရေးသားရမည့် code ကိုသာ နားလည်တတ်ကျွမ်းသည်။ programmer တစ်ယောက်သည် designer ပေးသော design ကို ရေးထားသော code နှင့် အလွယ်တကူပူးပေါင်းတတ်သည်။ ထို့ကြောင့် Developer သည် Photoshop သုံးတတ်ချင်မှ သုံးတတ်မည်။ အရောက် ရွေးချယ်တတ်ချင်မှ တတ်မည်။ သို့သော် Designer လိုချင်တဲ့ ပုံစံကိုတော့ ရအောင် ရေးနိုင်သူဖြစ်သည်။ Designer နဲ့ ညှိနှိုင်းကာ…

  • တကယ်လို့ သင် mac book pro ကို အသုံးပြုခဲ့မယ်ဆိုရင် Linux ပဲ ဖြစ်ဖြစ် Windows ပဲဖြစ်ဖြစ် ပြောင်းသုံးချင်စိတ်ရှိတော့မှာမဟုတ်တော့ဘူး။ အဲ… သင်က gamer ဆိုရင်တော့ Windows မှာပဲ ပျော်ရှာမှာပါ။ mac book pro က ဈေးကြီးတယ်လို့ ပြောရင် ပြောလိမ့်မယ်။ software တွေ က ရှားတယ်။ ဈေးကြီးတယ်လို့ ပြောကောင်းပြောမယ်။

  • ကျွန်တောှတို့တွေ wordpress မှာ smart quotes တွေ ဖြုတ်ချင်လား။ ကျွန်တောှကတော့ ဖြုတ်လိုက်တယ်။ ဘာလို့လည်းဆိုတော့ html example တွေကို ဖောှပြတဲ့အထဲမှာ လေ့လာသူတွေအနေနဲ့ copy ကူးပြီး သွားထည့်လိုက်လို့မရဘူး။ တဆင့်အနေနဲ့ smart quotes တွေကို လိုက်ပြင်နေရတယ်။ ဒါကြောင့် ကျွန်တောှကတော့ ဖြုတ်လိုက်တယ်။ Smart Quotes ဆိုတာကတော ”smartqutote” အဲဒါလေးပါ။ ကျွန်တောှကတော့ ရိုးရိုး double quotes ” ဖြစ်ဖြစ် single quotes ‘ ဖြစ်ဖြစ် အဲဒါပဲ အသုံးပြုပြီး ဖောှပြပါတယ်။ copy paste လုပ်တဲ့လူတွေလည်း အဆင်ပြေအောင်ပေါ့။ ကိုယ့် theme ရဲ့ function.php ထဲမှာ remove_filter(‘the_content’, ‘wptexturize’);…

  • MZ မှ ကိုမိုးဇက်ကို ရေးထားတဲ့ post ကောင်းလေးတစ်ခုပါ။ IPv6 ဆိုတာ IPv4 ထက် Address space 4 ဆကြီးမားပြီး IPv4 ထက် အဆပေါင်းများစွာ များပြားသော IP address အရေအတွက်ကို သတ်မှတ်နိုင်စွမ်းရှိပြီး 128 bit ရှိသော haxadecimal စံနစ်ဖြင့် ဖွဲ့စည်းထားသော အင်တာနက်သုံး IP address တစ်မျိုးပင်ဖြစ်သည် .. IPv4 ဆိုတာ 32 bit ဘဲရှိပြီး decimal စံနစ်ဖြစ်ပါတယ် .. IPv4 က IP address ဘယ်လောက်ပေးစွမ်းနိုင်သလဲဆိုရင် 4,294,967,296 ရှိပါတယ် .. (သန်းပေါင်း4ထောင်ကျော်ပေါ့).. တစ်ချို့သော အကြောင်းကြောင့် အဲဒီ IP အားလုံးကို…

  • Ubuntu မှာ WEP crack လုပ်ရတာ လွယ်ပါတယ်။ aircrack-ng package လေးကို အရင် install လုပ်လိုက်ပါ။ $sudo apt-get install aircrack-ng iw package လည်းလိုအပ်တယ်။ အများအားဖြင့်တော့ iw package က တော့ သူ့ဘာသာသူ သွင်းသွားတတ်တယ်ဗျ။ သေချာအောင်လို့ $sudo apt-get install iw ကဲ.. ပြီးရင်တော့ စပြီး crack လို့ရပြီ။ ဒါပေမယ့် sudo ကြီးရိုက်ရိုက်နေရတာ ရှုပ်နေတော့…. $sudo bash အဲဒါပြီးရင် sudo ထပ် ရိုက်စရာမလိုတော့ဘူးလေ။ ကဲ… စတင် crack တာကိုတော့ youtube ကနေပဲ ကြည့်ပါတော့ဗျာ။ ကျွန်တော်လည်း အဲဒီကနေ…