just thinking when read a book

မနေ့က Ten Deadly Marketing Sins ဆိုတဲ့ စာအုပ်လေးဖတ်ဖြစ်တယ်။ Getting Real ကတော့ တစ်ဝက်ကြိုးနေပြီ။ အဲဒါလေးကိုလည်း ပြီးအောင် ဖတ်ရမယ်။ Ten Deadly Marketing Sins ဆိုတဲ့စာအုပ်ကလည်း ပါးပါးလေးမို့ ပြီးအောင် ဖတ်ဖြစ်လိုက်တယ်။ စာအုပ်က မဆိုးဘူးရယ်လို့ ဆိုရမယ်။ အကောင်းကြီးရယ်တော့ မဟုတ်ဘူး။ အဲ.. Ten Deadly Marketing Sins ဆိုပြီး english လိုမထင်လိုက်နဲ့အုံးနော်။ မြန်မာပြန်ဖတ်တာ။ ဒါကြောင့် မြန်တာ။ Getting Real ကတော့ iPodTouch လေးထဲမှာ ရုံးသွားရုံးပြန်လောက်ပဲ ဖတ်ဖြစ်တယ်။ လူက စာအုပ်ဖတ်ရင် လိုက်လိုက် စဉ်းစားတတ်တယ်။ Getting Real ဆိုတဲ့ စာအုပ်ကတော့ တကယ်ကောင်းတာအမှန်ပဲ။ Projects…More

So sad new, today

ဒီနေ့ ကြားတဲ့ သတင်းက လုံးဝ စိတ်ထဲမကောင်း။ စဖြစ်ကတည်းက ကိုညီလင်းဆက် facebook တင်လိုက်တာကနေ သတင်းတွေ တောက်လျှောက်တက်လာတယ်။ twitter မှာလည်း တောက်လျှောက်ပဲ။ news website တွေမှာလည်း သိပ်မကြာလိုက်ဘူး တက်လာတာပဲ။ သြင်္ကန်ကြီးမှာ အဲလိုဖြစ်တဲ့အတွက် စိတ်မကောင်းစရာပါပဲ။ သေဆုံးသွားသူတွေရဲ့ မိသားစုနဲ့ ထပ်တူ ထပ်မျှ ကြေကွဲ ခံစားရပါတယ်ဗျာ။ တကယ်ကို ဘာပြောရမှန်းမသိတော့တာ။ ကိုယ့်နိုင်ငံမှာ ဒီလိုဖြစ်သွားတာကတော့ စိတ်မကောင်းစရာပဲ။ ရန်ကုန်က မိသားစုက ဥပုဒ်စောင့်ပြီး သြင်္ကန်ထွက်မလည်တော့ သတင်းကြားပေမယ့် စိတ်မပူပေမယ့် သေဆုံးစာရင်းကြားတော့ တကယ်ကို စိတ်မကောင်းဖြစ်သွားတာ။ ဆဲဆိုရင်လည်း မထူးတဲ့ကောင်တွေပဲလေ။ ဓာတ်ပုံတွေကိုတော့ ကိုညီလင်းဆက် Blog မှာ သွားကြည့်လို့ရပါတယ်။ ဘယ်သူပဲဖောက်ဖောက် ဘယ်အဖွဲ့အစည်းကပဲ ဖောက်ဖောက် ဒါဟာ လူမဆန်တဲ့ လုပ်ရပ်ပဲ။…More

No Git , No SVN

ရန်ကုန်ပြန်ရောက်တော့ ဆိုးဆိုးရွားရွား ခံစားရခက်တာက မီးပြတ်တာတွေ အင်တာနက်မရတာတွေ မဟုတ်ဘူး။ တကယ်ခံစားရခက်ခဲ့တာက git မရတာပဲ။ ရန်ကုန်ရောက်တော့ လူကလည်း အားတာနဲ့ ornagai ကို တော်တော်လေး ရေးဖြစ်တယ်။ နောက်ပြီး ကိုယ့် framework လေးကိုလည်း ရေးဖြစ်တယ်။ git မရတာတော့ တော်တော်ဆိုးတယ်။ လူက အကျင့်ပါနေတာလားတော့ မသိဘူး။ နည်းနည်းလေး ပြင်ပြီးရင် git ပေါ်တင်လိုက်ရမှ။ ဘာဖြစ်လို့လည်းဆိုတော့ ဘယ်အချက်တွေ အသစ်ပြင်ထားတယ်။ ဘယ်အချက်တွေက ဘာတွေလည်း ဆိုတာ သိရအောင်ပေါ့။ အခု ornagai မှာ ပြင်လိုက်တာ အများကြီးပဲ။ apiwork ကိုလည်း databae ပိုင်းကို ပြင်ချထားတွေအပြင် အခြား class အသစ် ထပ်ဖြည့်တာတွေ ရှိတယ်။ အမှန်တိုင်းဆိုရင် တစ်ဆင့်ပြင်ပြီးတိုင်း…More

Ygn may do like UCSY ?

အခုလေးတင်မှ ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားများ၊ အင်းလျားကန်ပေါင်နှင့် လူအများနှင့် သက်ဆိုင်သောနေရာများတွင် အမြင်မသင့်လျော်စွာ နေထိုင်သည့်စုံတွဲများအား အရေးယူသွားမည် ဆိုတဲ့ သတင်းဖတ်မိတယ်။ တစ်ခါတည်း ဘာကို ပြေးသတိရသွားလဲဆိုတော့ UCSY ကို တန်းပြီး သတိရသွားတာပဲ။ ကျွန်တော်တို့ UCSY မှာလည်း ဒေါ်နီလာသိန်း ပါချုပ်ဖြစ်တော့ UCSY က အတွဲတွေကို အခန်းအပြင်မှာ မမြင်ချင်ဘူး။ ရုပ်ပျက်တယ်။ ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီး ခေါ်ပြီး အရေးယူတာတို့ အတင်းပေးစား လိုက်တာတို့ ရှိခဲ့ပါတယ်။ ဒါတွေကလည်း သိပြီးသားပါ။ ဆရာမလေးတစ်ယောက် သူ့ရည်းစားနဲ့ အတူတူ အပြန်မှာ fire road ကြီးမှာ လမ်းလျှောက်တုန်း ဆရာမကြီးကားပေါ်ကနေဆင်းပြီး ဆဲခဲ့တာတွေလည်း ရှိပါ့။ အဲဒီလို တင်းကျပ်တော့ အချို့ အတွဲတွေက ရထားတွဲထဲရောက်လိုရောက် ဒါမှမဟုတ် သာဓုကန်ဘက်ကို…More

I can’t understand MCF

ကျွန်တော်လည်း ဘိုဘို ကြိုက်ပါတယ်။ ဒါပေမယ့် website of the year ကို http://bobo.6te.net/ ကိုပေးလိုက်တာတော့ လုံးဝ လုံးဝ နားမလည်ဘူး။ MCF က လူတွေ website of the year ကို ဘာအချက်နဲ့ရွေးချယ်လိုက်တာလဲ။ နောက်ပြီး ကျယ်ကျယ်ပြန့်ပြန့်မကြည့်ဘူးလား။ ဒါမှမဟုတ် ဂျာနယ်တွေ ကြော်ငြာတွေပါတဲ့ အထဲကပဲရွေးတာလား။ သူ့ထက်စာရင် myanmardaily.net က ရသင့်တယ်လို့ထင်တယ်။ ဘာကြောင့် ဘိုဘို မရသင့်တာလဲဆိုတော့More

စပယ် VS စံပယ်

ဘယ်ဟာမှန်လဲ။ Google Result စပယ် 1,610 စံပယ် 6,460 တကယ်တန်းမှန်တာကတော့ စပယ် ပါ။ စပယ်ပန်းဆိုမှ မှန်ပါတယ်။ (အဖွားပြောတာပဲ) Updated: စံပယ် က ၂ မျိုးရှိတယ်။ စံပယ် နေထိုင်တာကိုလည်း သုံးတယ်။ စံပယ်ပန်းကိုလည်း သုံးတယ်။ အရင်ခေတ်ကတော့ စံပယ်ကို စပယ် လို့ပဲသုံးတယ်ထင်တယ်။ ရှိတဲ့ အဖွားအားလုံးက စပယ်ပဲ သုံးတယ်။ စံပယ် မသုံးဘူးဗျ။ ခုခေတ်သုံးကတော့ စံပယ်ပဲ သုံးတော့တယ်နဲ့ တူတယ်။More

ဘန်.. ဘန့်.. ဘန်း…

twitter တို့ wordpress , blogspot တို့ ပိတ်တာကိုတော့ ထားလိုက်။ ဘာလို့ ကိုညီလင်းဆက်နဲ့ ထူးတေဇာ site ပါ ပိတ်လိုက်တာလဲ မသိဘူး… နောက်ပြီး http://mashable.com/ ကိုလည်း ဘန်း တယ်ဆိုတော့ စဉ်းစားမရဘူး.. blog ဆိုတာနဲ့ ပိတ်တာလား.. ဒါမှမဟုတ် traffic တွေများလို့ပဲပိတ်တာလား.. ပိတ်စရာ အကြောင်းလည်း မရှိပဲနဲ့ ဘန်းတယ်ဆိုတော့… ???? >.<More